အမြို့မြို့အနယ်နယ်သတင်းများ

Dec 19,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ ရပ်ရွာအခြေပြုလူကုန်ကူးမှုဆိုင်ရာစောင့်ကြည့်အဖွဲ့၏ဖွဲ့စည်းပုံနှင့် လုပ်ငန်း တာဝန်များအား ချပြရှင်းလင်းခြင်းနှင့် အသိပညာ‌ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်၁၀နာရီက ၂၄လမ်းနှင့် ၂၅လမ်းကြား၊ ၆၄လမ်းရှိ မဟာ‌ဇေယျာဘုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
Dec 19,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ဘုံကွင်းကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာ၊ ခန္တောကျေးရွာအုပ်စု၊ ခန္တော+ ရေအေးဆိပ်ကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီက အဆိုပါကျေးရွာများရှိ ရွာဦးဘုန်းကြီး ကျောင်းဝန်းများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 19,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော ကျန်စိမ့်ကျေးရွာ တောင်သူ(၅)ဦး၏ မျိုးသန့်မျိုးပွားမျိုးစေ့ (R.S)အဆင့် မနောသုခ မျိုးစေ့ထုတ်စိုက်ခင်း (၁၀)ဧက စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 19,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်း(၂)လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Dec 19,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာကုန်ထုတ်လမ်းသစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိ(နည်းပညာ) ဒေါ်လွင်ဝေအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က တင်ဒါစနစ်ဖြင့် တာဝန်ယူဆောင်ရွက်မည့် Myanmar Land ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကုန်ထုတ်လမ်းအကျယ်ရရှိရေး တိုင်းတာခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 19,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာနှင့် လူမှုအသင်းအဖွဲ့များ ပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့မွန်းလွှဲ ၂ နာရီခွဲက ဒီးမော့ဆိုမြို့ ကရုဏာခန်းမ၌ ကျင်းပသည်။
Dec 19,2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာ ပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
Dec 18,2020
ရခိုင်ပြည်နယ် ၊ မောင်တောနယ်မြေတွင် ပြည်သူလူထုဘေးကင်းလုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး တာဝန်ထမ်းဆောင်ရင်း ARSA အကြမ်းဖက်အုပ်စု နှင့် တိုက်ပွဲဖြစ်စဉ်တွင် ကျဆုံးခဲ့သည့် ဒုရဲမှူး ခင်မောင်ထွေးအတွက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) မှ ဂုဏ်ပြု ဆုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။