အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2020
မော်လမြိုင်ကျွန်းမြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးနှင့်တိုင်းရင်းဆေးရုံ (ယာယီဆေးရုံ)၊Facility Quarantine Centre များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးနိုင်ရန် ကျန်းမာရေးသုံးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးရုံးခန်းမတွင်ဆောင်ရွက်သည်။
Dec 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ် အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Dec 18,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်နယ်ဆေးရုံ၌ ယမန်နေ့ည (၉)နာရီခွဲခန့်က ကိုယ်ဝန်ဆောင်လူနာအမျိုးသမီးတစ်ဦးအား အရေးပေါ်ခွဲစိတ်ကုသပေးပြီးနောက် လူနာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကနဦး စစ်ဆေးတွေ့ရှိချက်အရ အဆိုပါဆေးရုံကို ယာယီ အသွားအလာ ကန့်သတ်ထားလိုက်ကြောင်း သိရသည်။
Dec 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ရိုးမရိပ်သာ ကိုဗစ်-၁၉ Quarantine Centre တွင် ကိုဗစ်-၁၉ Positive အချုပ်သားများ ထားရှိကုသနိုင်ရေး အချုပ်ထောင် ပြုလုပ်ရန် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ရိုးမရိပ်သာ စျေးရုံ တွင် ပြုလုပ်ကြောင်း သိရသည်။
Dec 18,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအလွန် ခရီးသွားလုပ်ငန်း တိုးတက်ရေး အတွက် ကြိုတင် စီမံဆောင်ရွက် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
Dec 18,2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ တွင်ရွှေ့ပြောင်းသွား လာသူများ အနေဖြင့် ဘေးကင်းလုံခြုံပြီးကျန်းမာစွာနေထိုင်နိုင်ရေးအတွက်ရည်ရွယ်၍ယနေ့န့နက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ကမြောကင်းလမ်း၊ကမြောကင်းတံတားအနီး၊ မီးပွိုင့်လမ်းဆုံတွင် ထားဝယ်မ ြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ CAMPAIGN ပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 18,2020
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ တပ်ဆင်ရန် ယမန်နေ့ နံနက် ၈ နာရီအချိန်က ရတနာမာရ်အောင် ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ ဇွဲရုံဂိတ်အနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။