အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခြင်းနှင့် ယာဉ်များ စစ်ဆေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြ သည်။
Dec 21,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိဈေး ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် Coronavirus Diseases 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး၏ ညွှန်ကြားချက်ဖြင့် ပြည်သူများအား ဈေးများအတွင်း သား၊ ငါး၊ ကုန်ခြောက်နှင့် ကုန်စိမ်းရောင်းသူများထံမှ Covid-19 ရောဂါကူး စက် မခံရစေရေးအတွက် (Mask) တပ်ဆင်ထားခြင်းမရှိသည့်ဈေးသည်များထံမှ ဈေးဝယ်ယူခြင်း၊ မပြုစေရေး အသိပညာပေးဆောင်ရွက်ခြင်းများကို စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများက ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ကစတင်ကာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့်မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၁၄)ဦးအား ချင်းရွှေ ဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ဦးပိုင် နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့ ၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့၊ နံနက်(၁၁)နာရီခွဲအချိန်က လားရှိုးမြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
Dec 21,2020
မိရိုးဖလာလယ်ယာလုပ်ငန်းအပြင် မိသားစုတစ်ပိုင်တစ်နိုင် အလွယ်တစ်ကူစိုက်ပျိုး နိုင်ပြီးဝင်ငွေ ရရှိနိုင် သည့် ကောက်ရိုးမှိုလက်တွေ့စိုက်ပျိုးမှု လက်တွေ့ပြသဆောင်ရွက်ခြင်းကို စစ်ကိုင်းခရိုင်၊ မြင်းမူ မြို့နယ် ၊ ပဲကူကျေးရွာတွင် ဒီဇင်ဘာလ(၂၁)ရက် (ယနေ့)နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ကွင်းဆင်း ပြသဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
Dec 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှု နှင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မဈေးရှေ့ မင်းလမ်းမပေါ်နှင့် မြို့မဈေးအတွင်း၌ ဆောင်ရွက်လျက်ရှိသည်။
Dec 21,2020
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ် သူများအား စစ်ဆေး အရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ (၄၆)ရပ်ကွက် ဗိုလ်မှူး ဗထူးလမ်းမပေါ်တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဝင်များ ပူးပေါင်း၍ စစ်ဆေး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 21,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ‌ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Dec 21,2020
မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သိန်း ၃၅၀၀ ကျော်ဖြင့် မြို့သာယာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ သိရသည်။