Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာမွေမြို့နယ်ရှိ ဗညားဒလလမ်းတစ်လျှောက် လူသွားစင်္ကြန်ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်
Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး တို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း မြို့နယ်အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများ သွားရေးလာ ရေးတွင် ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် သွားလာနိုင် စေရေးအတွက် တာမွေမြို့နယ်ရှိ ဗညားဒလ လမ်းတစ်လျှောက် လူသွားစင်္ကြန်လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖယ်ခုံမြို့နယ်၌ စီမံကိန်းဆောင်ရွက်မည့်ကျေးရွာများ စိစစ်ရွေးချယ်
Dec 21,2020
တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်နှင့် VDP စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မွေးစမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်
Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ မွေးစမှ အသက်(၂) နှစ်အောက် ကလေးငယ် များအား ယနေ့ နံနက်ပိုင်းက (၃၆)ရပ်ကွက်၊ သာသနာ့ရက္ခိတ ဓမ္မာရုံတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက် ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်မြစ်ရေတင်မှ စပါးစိုက်တောင်သူများ ကောက်လှိုင်းများ ရောင်းချခြင်းမှ မိသားစုအပိုဝင်ငွေရရှိ
Dec 21,2020
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ စပါးစိုက်ပျိုးတောင်သူများ ကောက်လှိုင်းစည်းများကို ရောင်းချရခြင်းကြောင့် မိသားစု အပိုဝင်ငွေရရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်အတွင်းရှိ ပန်းခြံများ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်းများဆောင်ရွက်
Dec 21,2020
ကိုဗစိ ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home သတ်မှတ် ထားသည့် မြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်း ချက်များအား လိုက်နာခြင်းမရှိဘဲ ပြင်ပ၌ သွားလာနေခြင်း နှင့် စပ်လျဉ်း၍ လိုအပ်သော သတိပေးစစ်ဆေးတင်းကြပ်မှုများ ဆောင်ရွက်သွားရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ခရစ်စမတ် ကာလနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အများပြည်သူ စုဝေးတတ်သော နေရာများဖြစ်သည့် ပြည်သူဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်၊ အင်းယား ကန်ဘောင်၊ ပန်းခြံနှင့်ကစားကွင်းများ အားလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ခေတ္တပိတ် ထားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် စားသုံးရန်မသင့်သည့် စားသောက် ကုန် ပစ္စည်းများရောင်းချမှုမရှိစေရေး ရှောင်တခင်ဝင်ရောက်စစ်ဆေး
Dec 21,2020
စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် စားသုံးသူများ အကာအကွယ် ပေးရေး စားသုံးရန် မသင့်သည့်စားသောက်ကုန်ပစ္စည်းများရောင်းချမှုစေရေးအတွက် ယနေ့ နံနက်ပိုင်းက စားသုံးသူရေးရာ ဦးစီးဌာန နှင့်မိတ်ဖက်ဌာနများက ဈေးဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြေပဲသီးနှံ GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှုအခြေနေများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်လင်းနှင့် မြို့နယ် ဦးစီးမှူး ဦးကျော်ရွှေတို့သည် မြို့နယ်မြေဆီလွှာ၊ မျိုးစေ့၊ သီးနှံကာကွယ်ရေး တာဝန်ခံတို့နှင့် အတူ ယမန်နေ့ နံနက်(၉)နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ကလီအနောက်ကျေးရွာ တောင်သူ ဦးဌေးလွင်၏ လယ်မြေ၌ မြေပဲသီးနှံ GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှု အခြေနေများအား ကွင်းဆင်းကြည့်ရှု၍ မြန်မာနိုင်ငံတောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သီးနှံများ အော်ဂဲနစ်စနစ်နှင့် GAP စနစ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ကော့ကစွယ်ကျေးရွာတွင် တံတားဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Dec 21,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကော့ဖမွတ်ကျေးရွာ အုပ်စု၊ ကော့ကစွယ်ကျေးရွာတွင် လှိုင်းဘွဲမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27946
Page
27947
Page
27948
Page
27949
Current page
27950
Page
27951
Page
27952
Page
27953
Page
27954
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department