အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန် တိုင်းတွင် Mask တပ်ဆင် သွားလာမှု ရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိ သူများက Mask Campaign များကို မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စု လမ်းမကြီးနှင့် လမ်းဆုံ များတွင် ယနေ့ မွန်းလွဲ (၃)နာရီ အချိန် က ဆောင်ရွက်ခဲ့ကြသည်။
Dec 18,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘောဇဘဏ်တို့ ပူးပေါင်း၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထု ဗဟိုပြုစီမံကိန်း (စတုတ္ထ)နှစ်စက်ဝန်း ဆောင်ရွက်ပြီးစီး သည့် စီမံကိန်းလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 18,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်ရမည့် ဒေသန္တရ စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Dec 18,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာ အုပ်စု၊ မြင်းသောင်းကျေးရွာ၌ ပအိုဝ်းတိုင်းရင်းသားများအသုံးပြုသည့် လက်ရက်လွယ်အိတ်များ မှာယူမူနည်းပါးပြီး ရောင်းအားကျဆင်းနေလျက်ရှိကြောင်း လက်ရက်ကန်း ရက်လုပ်သူတစ်ဦးထံမှ သိရသည်။
Dec 18,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေး အန္တရာယ် လုံခြုံရေးအတွက် ကျေးရွာများတွင် တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်က မရမ်းကျေးရွာတွင် ကွင်းဆင်း လိုက်လံ စစ်ဆေးခဲ့ကြောင်းသိရသည်။
Dec 18,2020
ချင်းပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ၊မရှိ မြိုနယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၁၈ရက်နေ့မှစ၍ စားသောက်ဆိုင်(၅၄)ဆိုင်အား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြုကြောင်း၊ ဟားခါးမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားခြင်းမရှိသည့် ဆိုင်များအား ငွေကျပ်(၅)သိန်းအပြင် မြို့နယ်သဘာဝ ဘေးအန္တရယ် ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း ဟားခါးမြိုနယ် ကိုဗစ်-၁၉ ​​ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။
Dec 18,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ မြို့နယ်အားကစားကွင်း၌ မိုးလုံလေလုံအားကစားရုံ အဆောက်အဦတည်ဆောက်ရန် မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီခွဲအချိန် က အဆိုပါအဆောက်အဦ တည်ဆောက်မည့်မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 18,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက် ဒါးပိန်လမ်းခွဲရှိ ယာယီပျံကျဈေး သည်များအား သတ်မှတ်ဧရိယာအတွင်း ရောင်းချ မှုရှိ/မရှိ နေ့စဉ် ညနေ(၃)နာရီချိန်တွင် တာဝန်ရှိသူ များမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။