Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်ရှိ ပန်တျာအခွန်လွှတ်စျေးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နှာခေါင်းစည်း Mask နှင့် Face shield အခမဲ့ဖြန့်ဝေ
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိဘုရားကြီး ရပ်ကွက်အခွန်လွတ်စျေး၌ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကဘုရားကြီး ရပ်ကွက်အခွန်လွတ်ဈေးတွင် ဆောင်ရွက်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် သာပေါင်းကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွား
Dec 18,2020
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ၊ အမှတ်(၃-က)ရပ်ကွက်တွင် ယမန်နေ့ည(၇)နာရီအချိန်ခန့်၌ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့်နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ် ပြပွဲ ဆောင်ရွက်
Dec 18,2020
သထုံခရိုင်၊ ဘီးလင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် နွေစပါး စိုက်ပျိုး ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇွဲကလာကျေးရွာရှိ တောင်သူ ဦးဝင်းဦး၏ ကွင်းအမှတ် ( ၂၆၄ )၌ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်၌တရားဥပဒေ စိုးမိုးရေးနှင့်နယ်မြေ အေးချမ်းလုံခြုံရေးယာဉ်ကြောပိတ်ဆို့ စစ်ဆေး ခြင်းဆောင်ရွက်
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၄)ရပ် ကွက်ဘုရင့်နောင်လမ်းနှင့်ဘူတာရုံလမ်း၊ အမှတ် (၁၅)ရပ်ကွက်ဘုရင့်နောင်လမ်းနှင့်ပါရမီ မီးပွိုင့်အနီး၊ အုတ်ကျင်းဘူတာရုံလမ်းကားမှတ်တိုင်ရှေ့၊ ဘုရင့်နောင်လမ်းမကြီး တို့ရှိလမ်းများတွင် လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းဌေးနှင့်အဖွဲ့ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိ သူများနှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း ၍ ယမန်နေ့ည(၉) နာရီက ယာဉ်ကြော ပိတ်ဆို့ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂) မန္တလေးကို တစ်ပတ်ကြာပိတ်ထားရာမှပြန်လည်ဖွင့်လှစ် ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းများ ဆောင်ရွက်
Dec 18,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊၂၄လမ်းနှင့် ၈၃လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)မန္တလေးကို တစ်ပတ်ကြာပိတ်ထားရာမှ ဒီဇင်ဘာ ၁၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်၍ ပုံမှန်အတိုင်းဘဏ်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မြို့မ ဈေးအတွင်းလိုက်လံစစ်ဆေး
Dec 18,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ဈေး အကျိုးတော် ဆောင်များပူးပေါင်း၍ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင် စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့၌ မြစိမ်းရောင်စီမံကိန်းကျေးရွာများနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်
Dec 18,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ ဟိုပုံးမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် မြစိမ်းရောင် စီမံကိန်းကျေးရွာများနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်ပွဲ အခမ်းအနား ကို ယနေ့နံနက် (၁၀) နာရီ အချိန်က ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်-ပုသိမ်ကားလမ်းကိုဗစ်-၁၉ကျန်းမာရေးစစ်ဆေးဂိတ် နှစ်ခုတွင်ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Antigen Diagnostic…
Dec 18,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းမ မိုင်တိုင်အမှတ်(၈/၅) နှင့် မိုင်တိုင်အမှတ်(၁၄/၂)ကိုဗစ်-၁၉ကျန်းမာရေးစစ်ဆေးဂိတ်နှစ်ခုတို့တွင် ကုန်စည်းစီးဆင်းမှုများ အတွက် ဖြတ်သန်းသွားလာလျက်ရှိသည့်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27949
Page
27950
Page
27951
Page
27952
Current page
27953
Page
27954
Page
27955
Page
27956
Page
27957
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department