အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2020
သာပေါင်းမြို့နယ်တွင် ကြက်ခြေနီအကြောင်း တစ်ရက်တာ မိတ်ဆက်သင်တန်းကို ရှမ္မမြောင်ကျေးရွာအုပ်စု၊ ညောင်ပင်သာ ကျေးရွာ၊ စုဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်ကစတင်၍ကျင်းပပြုလုပ်ခဲ့သည်။
Dec 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ဘဝရှေ့ဆောင် စာကြည့်တိုက်၏ (၁၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ဘဝရှေ့ဆောင်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
Dec 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အမာမြို့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်မှူးရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်သတိပြုဖွယ် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် (၄)ရပ်ကွက်ရှိ လမ်းဆုံနေရာများနှင့် နေအိမ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 14,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွား လာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် Mask အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဥသျှစ်ပင်စျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 14,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် ​​နောင်သငဲ့​ကျေးရွာအုပ်စု ​နောင်သငဲ့​ကျေးရွာ ရွာတွင်းကျောက်ချောမြေသားလမ်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ​ဝေဖန်အကြံပြု​ဖြေရှင်း​ရေးအစည်းအ​ဝေးကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် We Love Yangon- North Okkalapa လူထုအခြေပြု ပရဟိတအဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက ရေသန့်ဘူးများနှင့် အချိုရည်ဘူးများ ကို မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံ ကြီးသို့ သွားရောက်လှူဒါန်းခဲ့သည်။
Dec 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်၂ နှစ်အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက အရှေ့ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ပြည်သူအားလုံး ပြင်ပထွက်ခွာရာ၌ Mask တပ်ဆင်မှုရှိစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ်အဆင့်သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်၏လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြ သည်။