Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုသိမ်၌ မီးဘေးသင့် အိမ်ထောင်စု(၂၄)စုအတွက် ထောက်ပံ့ငွေများပေးအပ်
Dec 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဆင်ကူးကြီးကျေးရွာ၌ ဒီဇင်ဘာ ၆ ရက်နေ့က မီးလောင်ခဲ့ရာ အိမ်ထောင်စု ၂၄ စု မီးသင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့ရှိဈေးများတွင် နှာခေါင်းစည်းမပါဘဲ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများကို အခုဝယ် အခုတပ်စနစ် ဆောင်ရွက်
Dec 14,2020
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေကြသည့် ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၈) နာရီအချိန်၌ မြဝတီမြို့ရှိ ဘုရင့်နောင်ဈေး၊ ကြံခင်းဈေးနှင့် ကျွန်းတောဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ လိပ်သိုမြို့ Quarantine Centre အတွက် တစ်ကိုယ်ရည်အသုံးအဆောင် ပစ္စည်းများနှင့် အခြေခံ စားသောက်ကုန်များ လှူဒါ…
Dec 14,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကရင်အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ Quarantine Centre အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Mask Campaign ပြုလုပ်ပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေး
Dec 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း၊ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းအား ယမန်နေ့ နံနက်(၉:၀၀)နာရီ အချိန်ခန့်က ကွန်ဟိန်းတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့အမှတ်(၂)ရပ်ကွက်ရှိ ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Dec 14,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက် များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှားခဲကျေးရွာရှိ Quarantine Center များအတွက် အခြေခံစားသောက်ကုန် များ လှူဒါန်း
Dec 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ် -၁၉ အတည်ပြုလူနာများ ထပ်မံ တွေ့ရှိလျက်ရှိပြီး Quarantine Center များလည်း ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ အဆိုပါ Quarantine ဝင်ရောက် သူများအဆင်ပြေစွာ စားသောက်နိုင်ရန် အတွက် ကျုံပျော်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ အခြေခံစားသောက် ကုန်များလှူဒါန်းခြင်းကို ဒီဇင်ဘာ ၁၃ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့ ကုတင် ၅၀၀ ဆံပြည်သူဆေးရုံးကြီးသို့ အောက်ဆီဂျင်စက် ဝယ်ယူရန် အလှူငွေလာရောက်လှူဒါန်း
Dec 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကုတင် ၅၀၀ ဆံ့ပြည်သူဆေးရုံကြီးတွင် ကိုဗစ်-၁၉ကာလတွင် အသုံးပြုရန်၊ အောက်ဆီဂျင်စက် ဝယ်ယူရန်အတွက် ငွေကျပ် ၁၃၃၉၆၁၅၀/- (တစ်ရာသုံးဆယ်သုံးသိန်း ကိုးသောင်းခြောက်ထောင့် တစ်ရာငါးဆယ်/-) အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်ဆေးရုံအုပ်ကြီး ရုံခန်း၌ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့တွင် မင်္ဂလာဦးရပ်ကွက်အား (Stay at Home) အမိန့် ထပ်မံထုတ်ပြန်
Dec 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိနယ်မြေနှင့် လမ်းအချို့ကို မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) အမိန့်ကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ ထုတ်ပြန်ကြေညာခဲ့ပြီး တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်အတွင်းရှိ ပရဝုဏ်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) ညွှန်ကြားချက်အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ ရက်တိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27981
Page
27982
Page
27983
Page
27984
Current page
27985
Page
27986
Page
27987
Page
27988
Page
27989
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department