အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံသို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Dec 14,2020
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်သို့ ယမန်နေ့ နံနက်၁၀ နာရီ က ကျန်းမာရေးသုံးပစ္စည်း လာရောက်၍ လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် ခင်မွန်စံပြ‌ကျေးရွာ ကွင်းအမှတ်၂၀၀၆ ၊ ဦးပိုင် ၄၀၁ တောင်သူ ဦးဌေးလွင်၏ အောင်မြင်ဖြစ်ထွန်းနေသော ဆင်းသုခမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် ဒီဇင်ဘာလ ၁၄ ရက်၊ နံနက် ၉ နာရီအချိန်က စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။
Dec 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စျေး၀ယ်သူ၊ စျေးရောင်းသူ ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီ က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Dec 14,2020
ချင်းတွင်းမြစ်အတွင်း ပြေးဆွဲလျက်ရှိသောရေယာဉ်များ ချင်းတွင်းမြစ်၏ ရေနည်းကာလ များတွင် လိုက်နာရန် ရေစူးကန့်သတ်ချက်များ ထုတ်ပြန်ပေးထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်း ထံမှ သိရသည်။
Dec 14,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်း နှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇နာရီအချိန်တွင် မြို့မစျေးနှင့် ပျံကျစျေးတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Dec 14,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ မြို့မစည်ပင်သာယာ‌ ဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်ခြင်းရှိ/မရှိကို ပူးပေါင်းအဖွဲ့မှ ယနေ့နံနက် ၈ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။