အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2020
ချင်းပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာ ရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ မြိုနယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှစ၍ စားသောက်ဆိုင်(၃၆)ဆိုင်အား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြုကြောင်း သိရသည်။
Dec 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ရာသီပေါ်ကွမ်းသီးများ အထွက်နှုန်းတိုးသော်လည်း ကွမ်းသီးဝယ်ယူသူနည်းပါးနေဖြင့် စျေးကောင်းမရရှိ၍ ခြံပိုင်ရှင်များ စီးပွားအကျပ်အတည်းရင်ဆိုင်နေရကြောင်းသိရသည်။
Dec 14,2020
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၂၈) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးကို ယမန်နေ့တွင် Virtual Meeting ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
Dec 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စု၊ အင်းမကျေးရွာ၌ ရော်ဘာစိုက် ခင်းစီမံခန့်ခွဲမှုနှင့် ထုတ်လုပ်နည်းတောင်သူပညာပေးဆွေးနွေးခြင်းကို ပြည့်ဖြိုးထွန်းကုမ္ပဏီတွင် ယမန်နေ့ နေ့လယ်(၁၂)နာရီက ပြုလုပ်ခဲ့သည်။
Dec 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးသည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။
Dec 14,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်​နေ့ နံနက်ပိုင်းက ​ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာပန်းခြံအတွင်း အပန်းဖြေ၊ ကျန်းမာရေးလေ့ကျင့်မှု လာရောက်ပြုလုပ်ရာတွင် mask တပ်ဆင်ပြီးသွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာရန် အသိပေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Dec 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေး အတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ယာယီပျံကျဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။
Dec 14,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်း များနှင့် ဆောင်ရန် ရှောင်ရန်အချက်များ သိရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီက ပြည်သူ့အားကစားကွင်းအတွင်း ဖွင့်လှစ်ထားသော ယာယီပျံကျဈေး၌ ပြုလုပ်ဆောင်ရွက် ခဲ့သည်။