အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ သက္ကရာဇ် ၂၁၁၅ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးနေ့အား ကြိုဆို ဂုဏ်ပြုသော အားဖြင့် Clean City လှုပ်ရှားမှုဆောင်ရွက်ခြင်းအား ယနေ့နံနက်(၈:၃၀)အချိန်ခန့်က စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(တပ်တွင်း) Community Based Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ကာလ ၁၄ ရက်ပြည့်အောင်နေထိုင်ပြီးသူ ၁၂ ဦးသည် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသဖြင့် ယမန်နေ့ ညနေပိုင်းက အိမ်ပြန်နေထိုင်ခွင့်ပြုခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Dec 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်း မိုးစပါးများ ရိတ်သိမ်း ကြပြီဖြစ်၍နေ့စားအလုပ်သမားများ၊စပါးရိတ်စက်များ၊စပါးခြွေလှေ့စက်များအလုပ်အကိုင်အခွင့်အလမ်းရရှိသော်လည်း စပါးစိုက်တောင်သူများမှာ စပါးစျေးကောင်းသော်လည်း စပါး အထွက်နှုန်းနည်း၍ ဝင် ငွေလျော့နည်ကာ အမြတ်နည်းကြကြောင်းသိရသည်။
Dec 14,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ် ကင်းရှင်း စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ
Dec 14,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက် ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စျေးဆိုင်ပိုင်ရှင်များ လိုက်နာခြင်းရှိ/မရှိကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက ဦးဆောင်၍ မြို့နယ်အဆင့်လုပ်ငန်းကော်မတီတွင် ပါဝင်သော အဖွဲ့ဝင်များမှ ယမန်နေ့နံနက် ၇ နာရီက လိုက်လံစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
Dec 14,2020
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင် သာယာရေး အဖွဲ့တို့ ပူးပေါင်းကာ ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား ကျန်းမာရေးအသိပညာပေးမြှင့်တင်ရန်အတွက် အပြင်ထွက် လာသူတိုင်းအား မျက်နှာနှင့် နှာခေါင်းစည်း(mask) မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးလှုံ့ဆော်မှုနှင့် ဒဏ်ငွေချမှတ် အရေးယူဆောင်ရွက်ခြင်းများကို မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လူအများသွားလာရာ မြို့မဈေးကြီးအတွင်းနှင့် မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
Dec 14,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ကုတင်(၁ဝဝ)ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံမှ အတည်ပြုပိုးတွေ့လူနာ(၁၆)ဦးသည် ဆေးကုသမှုခံယူပြီး (၁၁)ရက်ပြည့်မြောက်သဖြင့် ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းခွင့်ရရှိသည်။