Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပင်လုံမြို့၌ ယာယီပျံဈေး ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် စည်ပင်သာယာရေးဌာနမှ စီစဉ်ဆောင်ရွက်ပေး
Dec 13,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ယာယီပျံကျဈေးအား မဟာရဌာဘိသာမဂ္ဂီ စေတီတော် ဘုရားဝန်းအတွင်းမှ ပင်လုံမြို့အဝင် ရပ်ကွက်(၁)၊ စိုက်ပျိုးရေးရပ်၊ လမ်းမတော် လမ်းဘေးတွင် ပြောင်းရွှေ့၍ ဟင်းသီးဟင်းရွက်များ ပြန်လည်ရောင်းချ ဝယ်ယူ နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ယာယီပျံကျဈေးနေရာအား သတ်မှတ်၍ ဈေးသည်များအတွက် ဈေးရောင်းချမည့်နေရာများ စီစဉ်သတ်မှတ်ဆောင်ရွက် ပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိရိုးမရိပ်သာ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ Positive လူနာများအား စိတ်ပျော်ရွှင်စေရေး တေးသီချင်းများဖြင့် ကပြဖျော်ဖြေ
Dec 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရိုးမရိပ်သာ ကုသရေး စင်တာတွင် ထားရှိသည့် ကိုဗစ်-၁၉ Positive လူနာများအား စိတ်ပျော်ရွှင်စေရေး ယမန်နေ့ ည ၇ နာရီအချိန်မှစတင်၍ ည ၁၀ နာရီအချိန်ထိ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေ တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၌ မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများရှိ အသင်းသူ၊ အသင်းသားများအား ဒုတိယအကြိမ် မြစိမ်းရောင် ချေးငွေချေးငွေများ ထုတ်ချေး
Dec 13,2020
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည့် မြစိမ်းရောင် စီမံကိန်းဝင် ကျေးရွာများဖြစ်သည့် ဇော်ဂျီကျေးရွာနှင့် တံတားကြီးကျေးရွာများမှ အသင်းသူ၊ အသင်းသားများအား ကျေးရွာစံမံကိန်း ကော်မတီဝင်များက ဒုတိယအကြိမ် မြစိမ်းရောင် ချေးငွေများကို ယမန်နေ့က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်တွင် ငွေလွှဲစနစ်နှင့် အိမ်တိုင်ရာရောက် ပေးပို့လှူဒါန်းမှုများဖြင့် မြတ်ဆရာပူဇော်ပွဲကို အစဉ်အလာမပျက် ကျင်းပပြုလုပ်သွားမည်
Dec 13,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်း ကျောင်း၌ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို နှစ်စဉ်မပျက် ကျင်းပပြုလုပ်လာလျက်ရှိပြီး ယခုနှစ် (၂၃)ကြိမ်မြောက်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေမှုနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် စည်းကမ်းများအရ မြတ်ဆရာပူဇော်ပွဲကို ယခင်နှစ်များအတိုင်း အခမ်းအနားပုံစံဖြင့် ကျင်းပပြုလုပ် သွားတော့မည် မဟုတ်ဘဲ ငွေလွှဲစနစ်နှင့် အိမ်တိုင်ရာရောက် ပေးပို့မှုများဖြင့် အစဉ်အလာ မပျက်စေရေး အပူဇော်ခံ ဆရာကြီး၊ ဆရာမ ကြီးများကို လှူဒါန်းပူဇော် ပေးသွားမည်ဖြစ်ကြောင်း အ.ထ.က (ထန်းတပင်) မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ယာလုပ်ငန်းခွင်၌ တောင်သူများအနေဖြင့် စက်ယန္တရားများ အသုံးပြုခြင်းကြောင့် လုပ်ငန်းများ ပိုမိုတွင်ကျယ်လျက်ရှိ
Dec 13,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက် (ရပ်မကွင်း)တွင် မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိပြီး လယ်ယာလုပ်ငန်းခွင်များ၌ တောင်သူများအနေဖြင့် စက်ယန္တရားများ အသုံးပြုခြင်းကြောင့် လုပ်ငန်းများ ပိုမိုတွင်ကျယ်လျက်ရှိကာ မိမိတို့၏ လယ်ယာလုပ်ငန်းခွင်များ၌ အဆင်ပြေလွယ်ကူ လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ် တောင်မြေနီကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်
Dec 13,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် တောင်မြေနီကျေးရွာတွင် စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရော မြို့နယ်တွင် အောင်သပြေပန်းများ စီးပွားဖြစ် စိုက်ပျိုးလာကြသဖြင့် မိသားစုဝင်ငွေတိုး
Dec 13,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာ၌ မြေလွတ်များပေါ်တွင် အာဆီယံ အောင်သပြေ ပန်းများစီးပွားဖြစ် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဈေးကွက်တွင် ထောပတ်သီးများ ရောင်းဝယ်သည့် ပုံစံပြောင်းလာ
Dec 13,2020
ဈေးကွက်ထဲတွင် ထောပတ်သီးများကို အလုံးလိုက်ရောင်းချရာမှ အလေးချိန်ဖြင့် ရောင်းချသည့် ပုံစံသို့စပြီး ပြောင်းလဲလာကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27986
Page
27987
Page
27988
Page
27989
Current page
27990
Page
27991
Page
27992
Page
27993
Page
27994
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department