အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးပွားရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကျေးရွာများတွင် မြစိမ်းရောင် စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့နယ် အုတ်ဖိုကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဝင်သစ် ဖွဲ့စည်းဆောင်ရွက်ခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 13,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ည ၉ နာရီက မြို့နယ်အတွင်း Facility Quarantine Centre များရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရသူများတွင် (၄)ဦး ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Dec 13,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လှိုင်းဘွဲမြို့၏ကျက်သရေဆောင် မြို့ဝင်ပန်းခြံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်က တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Dec 13,2020
ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၃၈၃.၉၁၃)ဖြင့် ဆောင်လုပ်မည့် လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာ သံကူ(၂)ထပ် ဈေးသစ်ဆောက်လုပ်ရန်အတွက် ပန္နက်တင် အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 13,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့သို့ မေတ္တာဖွံဖြိုးရေး ဖောင်ဒေးရှင်းနှင့် Light House Social Development Organization Ayarwaddy အဖွဲ့တို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ဧရာသီရိခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ည ၇ နာရီအချိန်က အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Dec 13,2020
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၄)ဦးတို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ယနေ့နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။