အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2020
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ပြည်တွင်း ပြည်ပမှ နေရပ်သို့ပြန်လာသူများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးနေရာ ငါးခုဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ အဆိုပါနေရာများသို့ နေရပ်သို့ပြန်လာသူများအတွက် လိုအပ်သည့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
Dec 13,2020
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကြက်ခြေနီ စေတနာလုပ်အားရှင်များ အသုံးပြုရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (I.C.R.C) မြစ်ကြီးနားရုံးခွဲမှ တာဝန်ခံ Charlotte Nicol နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွှဲပိုင်းက ပြည်နယ်ကြက်ခြေနီရုံး အစည်းအဝေး ခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 13,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးဦးစီးဌာနသည် စပါးခွံဖြင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ဇီဝမီးသွေး ပြုလုပ်သုံးစွဲနည်း သရုပ်ပြသခြင်းကို ယမန်​​နေ့ နံနက် ၉ နာရီအချိန်က ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာ တောင်သူ ဦးသိန်းမြိုင်၏ လယ်မြေတွင် ပြုလုပ်ခဲ့​ကြောင်း သိရသည်။
Dec 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အတွင်းရှိ စားသောက်ဆိုင်နှင့် လ္ဖဘက်ရည် ဆိုင်များအား မြို့နယ်စည်ပင်သာယာရေး ဌာနအနေဖြင့် မိမိမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မရှိစေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားခဲ့သည့် ဆိုင်များအားလုံးကို စည်းကမ်းချက် (၁၁)ချက်နှင့်အညီ လိုက်နာမှု ရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 13,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သည့် အခြေခံစားသောက်ကုန်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်လုပ်ငန်းရှင် အသင်းများတို့မှ ပူးပေါင်းစီစဉ်မှုဖြင့် သန့်ရှင်းလတ်ဆက်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက် ကုန်များအား ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီက သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက်၊ ဖို့မြေလမ်းမကြီး၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Dec 13,2020
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မြို့မဈေး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 12,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဒေါင်းပုန်းကျေးရွာမှ COVID-19 အတည်ပြုလူနာ (၁)ဦး၊ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နေ့လယ်ပိုင်းက သပိတ်ကျင်းမြို့ ပြည်သူ့ဆေး ရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။