Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မလှိုင်မြို့မ အားကစားကွင်းတွင် တည်ဆောက်မည့် အား/ကာ ဝန်ထမ်းအိမ်မြေနေရာ ကြည့်ရှုစစ်ဆေး
Dec 13,2020
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအောင်၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်နှင့် တာဝန်ရှိသူများသည် မြို့မအားကစားကွင်း ဝင်းအတွင်း တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာ၊ အားကာ ဦးစီးမှူး နေအိမ်နှင့်ရုံးခန်း၊ သန့်စင်ခန်းတို့အတွက် မြေနေရာ ရွေးချယ်ထားမှုတို့ကို ယမန်နေ့ နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိချိန်၌ မီးဘေးအန္တရာယ် လျော့ချကာကွယ် နိုင်စေရန်အတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို မြို့နယ်အတွ…
Dec 13,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ်မှ ကင်းဝေး နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များအား လူထုအတွင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန် ယမန်နေ့ည ၇ နာရီအချိန်မှစတင်ကာ မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်း လှည့်လည်ကြေညာ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
We Love Yangon (Mingalar Taung Nyunt) လူထုအခြေပြုပရဟိတအဖွဲ့မှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး
Dec 13,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် လွတ်လပ်ရေးရပ်ကွက်တွင် သွေးလွန်တုပ်ကွေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို We Love Yangon ( Mingalar Taung Nyunt) လူထုအခြေပြုပရဟိတအဖွဲ့က ယမန်နေ့ နံနက် ၁၁ နာရီအချိန်က လာရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Mobile Market စျေးရောင်းယာဉ်များဖြင့် မီးဖိုချောင်သုံး စားသောက်ကုန်များအား ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေး
Dec 13,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန် များအား သင့်တင့်သော စျေးနှုန်းဖြင့် ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်ဇေယျတံတားနှင့် ဘုရင့်နောင်တံတားများ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်
Dec 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ကို ဆက်သွယ် ထားသော အောင်ဇေယျတံတားနှင့် လှိုင်သာယာမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့ကို ဆက်သွယ် ထားသော ဘုရင့်နောင် တံတားများ လျှပ်စစ်မီလင်းရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးမှုများပြုလုပ်ပြီး လျှပ်စစ်မီးလင်းရေး ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့ ပလင်းကမ်းသာယာဆင်စခန်းအား ခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်နိုင်ရေး ကွင်းဆင်း စစ်ဆေး
Dec 13,2020
ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီ(DMO)အဖွဲ့အနေဖြင့် ခရီးစဉ်ဒေသသစ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး နယ်မြေကွင်းဆင်းမှုများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ပလင်းကမ်းသာယာ ဆင်စခန်းသို့ DMO အဖွဲ့ဝင်များ မြေပြင်ကွင်းဆင်း စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ပိုးတွေ့လူနာ(၈၅)ဦး ထပ်တိုးတွေ့ရှိခဲ့၍ အတည်ပြုလူနာ(၁၈၂၁)ဦးထိ ရှိလာ
Dec 13,2020
မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၈၅)ဦးထပ်တိုး တွေ့ရှိခဲ့တာကြောင့် တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း (၁၈၂၁)ဦးထိရှိပြီ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်မြို့သို့ ကိုဗစ်−၁၉ တိုက်ဖျက်ရေးအတွက် သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်း(၂)ဦး တာဝန်ချိန်ပြီးဆုံး၍ နမ့်ဆန်သို့ ပြန်လည်ရောက်ရှိ
Dec 13,2020
ကိုဗစ်−၁၉ တိုက်ဖျက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးသို့ ရှမ်းပြည်နယ်(မြေက်ပိုင်း) ကိုယ်စားပြု သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့် ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန် မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်း(၂)ဦးသည် တာဝန်ထမ်းဆောင်ပြီး၍ ယမန်နေ့မွန်းလွဲ ၃ နာရီက နမ့်ဆန် မြို့နယ်သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27989
Page
27990
Page
27991
Page
27992
Current page
27993
Page
27994
Page
27995
Page
27996
Page
27997
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department