အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်ပြည်သူဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အောက်ဆီဂျင်စက်နှင့် အလှူငွေ လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ ပြည်သူ့ဆေးရုံရှိ သင်တန်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 02,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အမက(၃) Facility Quarantine Centre တွင် အသွားအလာကန့်သတ်စောင့်ကြည့်ခံရသည့် နေရပ်ပြန်(၅)ဦး ယနေ့နံနက်(၉)နာရီက မိမိနေအိမ်သို့ ပြန်လွှတ်ကာ Home Quarantine (၁)ပတ် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
Dec 02,2020
မကွေးခရိုင် ၊မြို့သစ်မြို့နယ်တွင် က​လေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေစေရန်ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း ၊ ဆေးတိုက်ခြင်း လုပ်ငန်း များကို ယနေ့နံနက် (၉) နာရီအချိန်က မြို့သစ်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံ /တိုက် ကျွေးပေးလျက်ရှိကြောင်း သိရသည်။
Dec 02,2020
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းတောင်ကျေးရွာ၌ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ဦးသိန်းထွန်း၏နေအိမ် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ် တစ်လုံး မီးလောင်ကျွမ်းမှုကြောင့် အဆိုပါမီးဘေးသင့် မိသားစုဝင်များအား ယမန်နေ့တွင် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 02,2020
မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ သွားလာမှု အဆင်ပြေလွယ်ကူချောမွေ့စေရေး တို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ် ရပ်ကွက်များအတွင်းရှိ လမ်း/တံတားများအား ဘဏ္ဍာနှစ် အလိုက် အဆင့်မြှင့်တင် ခင်းကျင်း တည်ဆောက် ပေးလျက်ရှိရာ ထီးလင်းမြို့ အမှတ်(၂)၊ ကန်တော်လေးရပ်ကွက် စံပယ်လမ်း ကျောက်ကြီးခံ သစ်သားတံတား တည်ဆောက်နေမှုကို ယမန်နေ့ ညနေပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Dec 02,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဆိုင်ကယ်များ၌ ပါဝါအိတ်ဇော တပ်ဆင်စီးနင်းမှုမရှ ိစေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲခန့်က ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် မြောက်ဘက် စည်ပင်သာယာလမ်းမပေါ်တွင် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
Dec 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ကျေးလက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Dec 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖွင့်လှစ် ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် ဆိုင်များမှ ကြိုတင်ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ ကို ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။