အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ မြို့လယ်ကျောင်းတိုက်၏ နှစ်စဉ်ကျင်းပလျက်ရှိသော (၄၉) ကြိမ်မြောက် တန်ဆောင်တိုင်နှစ်ကျိတ်ရှစ်ဆူ ဗုဒ္ဓပူဇနိယ ပွဲတော်တွင် အများပြည်သူများ ကြည်ညိုဖူးမျှော်စေနိုင်ရန် ယမန်နေ့ မွန်းလွဲ ၄ နာရီက မြို့အတွင်းသို့ နှစ်ကျိတ်ရှစ်ဆူ ဘုရားများ ပင့်ဆောင်လှည့်လှည် အပူဇော်ခံကြောင်း သိရသည်။
Dec 02,2020
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ပဒူတိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံ နှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် နယ်မြေ အတွင်းရှိ ခက်ခ၊ တလိုင်း ကျေးရွာများရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP )အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ်ကွက်အား ဒုတိယ အကြိမ်မျိုးကွဲပယ်ခြင်း ထိရောက်မှုရှိစေရန် ယမန်နေ့၊ နံနက်ပိုင်းက လက်တွေ့သရုပ်ပြသပေးခဲ့ ကြောင်းသိရသည်။
Dec 02,2020
ပဲခူးတိုင်း‌ဒေသကြီး၊ ​ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်၊ တားဆီးရေးအတွက် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော(A) အဆင့်သတ် မှတ်ခြင်း ခံရသည့် စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များအား ပြန်လည်ဖွင့်လှစ်ရောင်းချခွင့် ပြုနိုင်ရေး အတွက် မွန်းလွဲ(၂)နာရီခွဲက စတင်ပြီး မြို့ပေါ် ရပ်ကွက်ကြီးများ အတွင်းရှိစားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်(၁၇)ဆိုင်အားမြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 02,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့သည်။
Dec 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်မြို့ထွက်ဂိတ်များတွင် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။