အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2020
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း stay at home နေထိုင်သော မိဘပြည်သူများအနေဖြင့် ကျန်းမာကြံ့ ခိုင်စေရန်နှင့် ကျန်းမာရေးလိုက်စားသူများ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် Physical Fitness Dance အား Onlineမှတစ်ဆင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 24,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု လျော့ပါးစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
Nov 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင် နေထိုင်ရေး ပန်ကြားချက်အား ပြည်သူများသိရှိလိုက်နာနိုင်စေရန် လှည့်လည်ဆော်သြခြင်းများကို ယနေ့နံနက် ၇ နာရီအချိန် က မြို့မစျေး၊ ဝက်ဝံယာယီပျံကျစျေုး၊ မြို့ပေါ်ရပ်ကွက်များနှင့် နီးစပ်ရာ ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
Nov 24,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့စည်ပင်သာယာရေးအဖွဲ့၏ ယာယီပျံကျဈေးတွင် ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကိုဗစ်-၁၉ အသိ ပညာပေး နံရံကပ်ပြဘုတ်များကို ယနေ့နံနက်(၇)နာရီက ပြသခဲ့သည်။
Nov 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Nov 24,2020
နွားထိုးကြီးမြို့နယ်ရှိ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းအဖြစ် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask And Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Nov 24,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ် နေပြည်တော်ကံပြားကားလမ်း မိုင်တိုင်အမှတ်(၅၁/၁)နှင့် (၅၁/၂) အကြားတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီခန့်က ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Nov 24,2020
ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံး၌ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများကို ယမနနေ့မှ စ၍ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။