အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းနှင့် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာများအား ယမန်နေ့ မွန်းလွဲ ၃ နာရီက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 24,2020
သထုံခရိုင် ဘီးလင်းမြို့နယ်သည် မွန်ပြည်နယ်တွင် Stay at Home မြိို့နယ်အဖြစ် သတ်မှတ်ခဲ့သောကြောင့် (HPV) သားအိမ်ခေါင်းကင်ဆာ ကကွယ်ဆေးထိုးလုပ်ငန်းကို အောက်တိုဘာ ၂၁ ရက်တွင် စတင်ထိုးနှံရမည်ဖြစ်သော်လည်း ရက်ရွေ့ဆိုင်းခဲ့ကာ
Nov 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ကိုဗစ်-၁၉ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို ယနေ့နံနက်က ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 24,2020
Dan Church Aid - Norwegin Church Aid (DCA-NCA)၏ ပံ့ပိုးမှုဖြင့် NeT (Never End Tomorrow)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင်းရှိ ကျေးရွာများ၌ ဆောင်ရွက်ခဲ့သည်။
Nov 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ကြရာ ယမန်နေ့ နံနက်(၈)နာရီမှ ညနေ(၅) နာရီထိ မော်တော်ယာဉ်အစီးရေ (၁၈၇)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၃၅၅)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ် ဆေးမှုဆောင်ရွက်ခဲ့ရာ ပိုးတွေ့သူ(၉)ဦးနှင့် ထိတွေ့သူ(၆)ဦးတို့ရှိကြောင်း သိရသည်။
Nov 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ပုသိမ်မြို့ မေတ္တာဖွံ့ဖြိုး ဖောင်ဒေးရှင်းမှ ပေးပို့လှူဒါန်းသော ကိုဗစ် - ၁၉ ​ရောဂါဆိုင်ရာ ကျန်းမာရေးသုံးပစ္စည်းများအား ယနေ့နံနက်ပိုင်းက ပန်းတနော်မြို့နယ် အတွင်းရှိ (Facility Quarantine Centre ) များသို့သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 24,2020
မကွေးတိုင်းဒေသကြီး၊ဆောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားပင်စင်လစာများ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ နိုဝင်ဘာ ၂၃ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။