အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိ ပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄နာရီအချိန်ခန့်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ် မော်တော်ယာဉ်ဖြင့် မြို့ပေါ် (၇)ရပ်ကွက်သို့ လိုက်လံနှိုးဆော်ခဲ့ကြသည်။
Nov 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Nov 24,2020
ပဲခူးတိုင်းဒသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ရွာသစ်ရပ်ကွက်၊ တံတားကြီးရပ်ကွက်နှင့် ကျောင်းကြီးရပ်ကွက်တို့တွင် အသက် ၉ နှစ်မှ ၁၀ နှစ်ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV)ကြိုတင် ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမောင်မောင်ချစ်နှင့်တာဝန်ရှိသူများက အမျိုးသမီးငယ် ၃၀ ဦးအား ပထမအကြိမ် ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ခဲ့သည်။
Nov 24,2020
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးလက်ဒေသများရှိ ဒေသခံ ပြည်သူများ ရာသီမရွေးသွားလာရေး လွယ်ကူစေရန်နှင့်
Nov 24,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်စားဝန်ထမ်းများအား ပင်စလစာများ ယမန်နေ့က စတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေး မြို့ပေါ် ရပ်ကွက် များနှင့်ကျေးရွာများမှ ပင်စင်စား မိဘပြည်သူများအား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းခဲ့‌ကြောင်း သိရသည်။
Nov 24,2020
အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် တစ်ဒေသမှ တစ်ဒေသသို့ ဝက်များရွှေ့ပြောင်းသယ်ယူမည် ဆိုပါက သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကူးစက်ရောဂါ ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်ပါမှသာ ရွှေ့ပြောင်းသယ်ယူခွင့်ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ထောက်ခံချက်မပါရှိပါက ရွှေ့ပြောင်းသယ်ဆောင်ခွင့် မပြုနိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူးမှ နိုဝင်ဘာ(၁၈)ရက်နေ့တွင် စတင်၍ ညွှန်ကြားချက်ထုတ်ပြန်ထားသည်။