အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ပေါ်ရှိ ကျောင်းဆရာ/မများ၊ (၂၀၁၈-၂၀၁၉) ခုနှစ်နှင့် (၂၀၁၉-၂၀၂၀)ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ရန် စွမ်းစွမ်းတမံသင်ကြားပေးခဲ့သော ဆရာ/ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းအောင်သည့် ကျောင်းသား/သူများအား ဂုဏ်ပြုငွေများထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီအချိန် က တာမိုးညဲမြို့၊ မုန်းဝန်းဗမာယဉ်ကျေးမှုခန်းမ၌ ထောက်ပံ့ပေးအပ်သည်။
Nov 17,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တပ်တောင်ကျေးရွာတွင် ရေရရှိနိုင်ရေးအတွက် (CDN) နယ်သာလန်အခြေစိုက် နိုင်ငံတကာခရစ်ယာန်လူမှုရေးအသင်း၏ပူးပေါင်းမှု၊ (KMSS)
Nov 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ၌ စာအုပ်၊ စာပေရမ်းခြင်းနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့် က မူဆယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်သည်။
Nov 17,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ကဝမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကဝမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
Nov 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာအုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပေးအပ်သော ထောက်ပံ့ငွေများကို တစ်အိမ်ထောင်လျှင် ကျပ် (၄၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၅၈၃) စုထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 17,2020
စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများ အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်နိုင်စေရန် စာဖတ်ရှိန်မြင့်မားမှု ရှိစေရန် ရည်ရွယ်၍ ကယားပြည်နယ်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club အသင်းတို့ ပူးပေါင်း ကျင်းပ သော ဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်အား စာဖတ်ဝိုင်း (Book Review) ကို ယနေ့ နံနက်ပိုင်းက (Community Centre) ခန်းမ၌ ကျင်းပသည်။
Nov 17,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်
Nov 17,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုခဲ့ကြသည့် ရွေးကောက်ပွဲကုန်ကျစရိတ်များ တင်သွင်းရာတွင် စိစစ်လက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။