အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၉နာရီတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးကြောင်းသိရသည်။
Aug 06,2020
၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​ အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်တွင် ထုတ်ပြန်​ကြေညာ လျက်ရှိရာ ယ​နေ့အထိ မဲစာရင်းကြည့်ရှုသူ ၂၄၅၂၇ ဦးနှင့် ​တောင်းဆို၊ ကန့်ကွက် ပြင်ဆင်သူ​ပေါင်း ၅၇၃ ဦး ရှိ​နေပြီဖြစ်​ကြောင်း သိရသည်။
Aug 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
Aug 06,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဝဏ္ဏ ဒီပရပ်ကွက်၊ လောကပါလဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး စီမံချက်ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ် အကိုင်အခွင့် အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေးသင်တန်းများဖြစ်သည့် ကြက်မွေးမြူ လုတ်လုပ် သင်တန်း နှင့် ဝက်မွေးမြူထုတ်လုပ်သင်တန်းများကို ယနေ့ နံနက်(၉)နာရီ အချိန်က အဖွဲ့(၂)ဖွဲ့ခွဲ၍ ကျင်သီ ကျေးရွာနှင့် တိန်းချေ/ တိန်းစံကျေးရွာများတွင် ဖွင့်လှစ်ခဲ့သည်။
Aug 06,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဒေသဦးစီးအဖွဲ့ရုံးရန်ပုံငွေဖြင့် နမ့်ဆန်မြို့ နယ်နှင့် မန်တုံမြို့နယ်အတွင်းရှိ အထကကျောင်း (၁၅)ကျောင်း အတွက် ကိုဗစ်-၁၉ ပစ္စည်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ဒေသဦးစီးရုံးခန်းမ၌ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများထံ ထောက်ပံ့ပေးခဲ့သည်။
Aug 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ် အထွေထွေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးခန်းမ၌ ကျင်းပသည်။
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်နှင့် အမာမြို့တို့တွင် ပင်လယ်ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော ရေလုပ်ငန်းရှင်များနှင့်ရေလုပ်သားများအား ၂၀၂၀ -၂၀၂၁ ခုနှစ် ငါးဖမ်းလုပ်ငန်းရာသီအတွက် တရားမဝင်ငါးဖမ်းဆီးမှုများနှင့် လုပ်ငန်းခွင်ရေလုပ်သားများ ဘေးကင်းလုံခြုံမှုရှိစေရေး၊ လူကုန်ကူးမှုပပျောက်ရေး တရားဝင်မှတ်ပုံတင်ထားသော ရေလုပ်သားများသာ လုပ်ငန်းခွင်ဝင်ရောက်စေရေး စသော စည်းကမ်းတကျ လုပ်ငန်းလုပ်ကိုင် စေရေး အတွက် ယမန်နေ့ နေ့လယ် (၁၂)နာရီက ခါးပြတ်ကျေးရွာ စစ်ဆေးရေးဂိတ် တည်ဆောက်မည့်နေရာအား ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။