Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ခိုလမ်မြို့တွင် (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး (RS to CS) မျိုးသန့်မျိုးပွား DU 12 မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်
Nov 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသောမိုးစပါး (RS to CS) မျိုးသန့်မျိုးပွားမျိုးစေ့ထုတ် စံကွက်ရိတ်သိမ်း ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းအမှတ် (၁၇၅) (ဝမ်ဖွီး)၊ ဦးပိုင် (၃) တောင်သူ ဒေါ်နန်းဆိုင်၏ လယ်၌ စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့ရှိ ကြယ်ဖြူပရိဟိတအဖွဲ့မှ ကိုဗစ်-၁၉ ကော်မတီသို့ အလှူငွေနှင့် Mask များ လှူဒါန်း
Nov 17,2020
ကျောက်မဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အမှတ် ၁ ရပ်ကွက် ကြယ်ဖြူပရဟိတအဖွဲ့မောင်နှမများမှ ယမန်နေ့ကအလှူငွေ ၁၅၀၀၀၀/-(တစ်သိန်းငါးသောင်းကျပ်) နှင့် Mask ၁၂ ဘူးကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးဟောပြော
Nov 17,2020
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျွးရွာတွင် တိရစ္ဆာန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့တွင် ရောဂါပိုးကင်းစင်၍ မြို့နယ် ပြည်သူ့ဆေးရုံမှလူနာငါးဦး ဆင်းခွင့်ပြု
Nov 17,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိလက္ခဏာ ပြသ၍ နတ်တလင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ခေါ်ဆောင်၍ ဆေးကုသပေးနေသူ (၅)ဦး တို့သည် ဆေးကုသ ခံယူမှု ပြီးစီးသွားပြီဖြစ်၍ ၄င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ပြန်လည် ပို့ဆောင်ပေးခြင်းကို နတ်တလင်းမြို့နယ်မှ လူမှုကူညီရေးအသင်းအဖွဲများမှ ကူညီပို့ဆောင် ပေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါစောင့်ကြည့်ထိန်းချုပ်ရေးစခန်း ဖွင့်လှစ်မည့်နေရာအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Nov 17,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါစောင့်ကြည့် ထိန်းချုပ်ရေးစခန်းထပ်မံဖွင့်လှစ်ရန်အတွက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေနှင့် တာဝန်ရှိသူများက ယနေ့နံနက်(၁၀)နာရီခန့်က ဇယန်းပန်လော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးကျောင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်
Nov 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး ကာလအတွင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီခန့်က ကျိုင်းတောင်းမြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ community centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့တွင် အနယ်နယ်အရပ်ရပ်မှ ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်ပြည်သူများ ထားရှိရန် Quarantine Center များ ပြင်ဆင်ဆောင်ရွက်
Nov 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့တွင် အနယ်နယ်အရပ်ရပ်မှ ပြန်လည်ဝင်ရောက်လာမည့် နေရပ် ပြန်ပြည်သူများ Quarantine Center များတွင် ထားရှိရန်လိုအပ်လာပါက စောင့်ကြပ်ကြည့်ရှု ရန်အတွက် ပြင်ဆင်ဆောင်ရွက်မှုများကို ယနေ့နံနက် ၁၀နာရီအချိန် က မိုင်းစံမြို့ (အ-ထ-က) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မြို့နယ် အုပ်ချုပ်ရေး မှူးရုံးခန်း၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28235
Page
28236
Page
28237
Page
28238
Current page
28239
Page
28240
Page
28241
Page
28242
Page
28243
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department