အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2020
ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု ၊ အရှေ့ကုန်းကျေးရွာတွင် နိုဝင်ဘာလ(၁၄) ရက် နေ့က
Nov 17,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာ များနှင့် လူမှုရေးအသင်း၊ အဖွဲ့ဝင်များအား ယနေ့နံနက်(၇)နာရီခွဲအချိန်က စားသောက်ဖွယ်ရာများ၊ ရေသန့်ဗူးများနှင့် အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 17,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ရာ မန္တလေး−ရွှေကူ ပြေးဆွဲလျက်ရှိသော ၆ ဘီး ကုန်တင်ယာဉ်(၁)စီးမှ ယာဉ်မောင်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ပေါက်ကရိုရပ်ကွက်တွင် နေထိုင်သော အမျိုးသား (၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့သည်။
Nov 17,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးသော ဒေသနေကြာ မျိုးများအစား အထွက်နှုန်းကောင်းမွန်သော ရေဆင်း စပ်မျိုးနေကြာများကို ပြောင်းလဲစိုက်ပျိုးလာကြကြောင်း သိရသည်။
Nov 17,2020
ရှမ်းပြည် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန် နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ သည်။
Nov 17,2020
ကိုဗစ်-၁၉ရောဂါ ပျံ့ပွားမှုအား ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာထားသည့် Stay at Home ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ် စေရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင်၊
Nov 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း စပါးရိတ်သိမ်းသည့်ကာလ ဖြစ်သည့်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့တွင် လယ်ယာစပါး အထွက်နှုန်းများ သိရှိနိုင်ရေး ကွင်းဆင်းတိုင်းတာခဲ့သည်။