Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးစပါးစိုက်ခင်းများ ဖျက်ပိုးကျရောက်မှုမရှိစေရေးနှင့် ကာကွယ်ရေးနည်းလမ်းများ ကွင်းဆင်းပညာပေးဆောင်ရွက်
Nov 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်စိုက်ပျိုးထားရှိ သည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယင်းစပါး ခင်းများအတွင်း သီးနှံဖျက်ပိုး များကျရောက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေးနည်းပညာပေး လုပ်ငန်းများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့၌ စက်ရုံ၊ အလုပ်ရုံများ၊ စားသောက်ကုန်အရောင်းဆိုင်များနှင့် ဆီဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး စစ်ဆေးဆောင်ရွက်
Nov 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ မိုးမိတ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ စက်ရုံ၊ အလုပ်ရုံများ၊ အကြော်ဖိုများ၊ စားသောက်ကုန်အရောင်းဆိုင်များနှင့် ဆီဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ အသိပညာပေးနံရံကပ်စာစောင်များ ပြသ
Nov 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး မြေစိုက်ပြဘုတ်နှင့် နံရံကပ်ပြဘုတ်တို့၌ ပြည်သူများအား အသိပညာပေးမှတ် တမ်းများ၊ အကြောင်းအရာများ ပြသခြင်းအား ယနေ့နံနက်ပိုင်းမှစတင်၍ ပြသထားလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဲရုံပြင်ပ တာဝန်ထမ်းဆောင်သူများအတွက် ကျွေးမွေးစရိတ်ပေးအပ်
Nov 17,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပြင်ပတာဝန်ထမ်းဆောင် သည့် မဲရုံတစ်ရုံလျှင် ပညာရေး/ကျန်းမာရေးနှင့် ထွေ/အုပ်ဌာနတို့မှ တာဝန်ပေးအပ်သူ (၃) ဦး အတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျွေးမွေး စရိတ်ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်မှပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ
Nov 17,2020
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများက ကိုဗစ်ကာလသန်လျင်မြို့နယ်မှ ပြည်သူများအား အခြေခံ စားသောက် ကုန်များ ဖြစ်သည့်ဆန်၊ဆီ၊သားငါး၊ကုန်စိမ်းများကို ယနေ့နံနက် ၇နာရီမှစ၍ သန်လျင်မြို့ အုပ်ဖိုစု ရပ်ကွက် သိပ္ပံလမ်းမကြီး ၌ ရောင်းချပေးလျှက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့တွင်းသို့ ယာယီပြောင်းရွှေ့ထားသည့် ကုန်တင်ယာဉ်မောင်းများ စစ်ဆေးရေးဂိတ်ကို မူလနေရာသို့ ပြန်လည်ထားရှိ
Nov 17,2020
ဒေသလုံခြုံရေးအရ ကျောက်မဲမြို့အဝင်၊ မိုးလုံလေလုံ အားကစားခန်းမအနီး ပင်လုံလမ်းမပေါ်တွင် အောက်တိုဘာလဆန်းပိုင်းကစ၍ ယာယီပြောင်းလဲထားရှိခဲ့သည့် ကုန်တင်ယာဉ်များ စစ်ဆေးရေးဂိတ် Check Point -2 ကို ယမန်နေ့က မူလနေရာ ခိုမုန်းကျေးရွာ စာသင်ကျောင်း၌ ပြန်လည်ရွှေ့ပြောင်း ထားရှိကြောင်း ကျောက်မဲမြို့နယ် ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့၌ မိုးစပါးများရိတ်သိမ်းခြင်း ဆောင်ရွက်
Nov 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့အနီးဝန်းကျင်နှင့် ကျေးရွာများတွင် တောင်သူများ စိုက်ပျိုးထားသော ရွှေရင်အေးမိုးစပါးများ ရိတ်သိမ်းနေပြီပြီဖြစ်၍ နေ့စားအလုပ်သမားများ မိသားစုဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်တွင် သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကိုရပ်ကွက်များ အရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေး
Nov 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28239
Page
28240
Page
28241
Page
28242
Current page
28243
Page
28244
Page
28245
Page
28246
Page
28247
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department