Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြန်မာချီကျိဖောင်ဒေးရှင်း ပရဟိအသင်းမှ လှူဒါန်းသည့် ဆန်နှင့်ဆီများအား သာကေတမြို့နယ် အတွင်းရှိ စားဝတ်နေရေးခက်ခဲနေသော ပြည်သူများအား ပြန်လည်လှူဒါန်း
Nov 17,2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ၌ မြန်မာချီကျိဖောင်ဒေးရှင်းပရဟိ အသင်းမှ လှူဒါန်းသည့် ဆန်နှင့်ဆီများအား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ စားဝတ်နေရေး ခက်ခဲနေသော အခြေခံပြည်သူများအား ပြန်လည်လှူဒါန်းခြင်းကို ၁၅.၁၁.၂၀၂၀ ရက်နေ့နှင့် ၁၆.၁၁.၂၀၂၀ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
Nov 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်နေဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းနေရာများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အေးမြသာယာအထည်ချုပ်စက်ရုံမှ ပိုးတွေ့လူနာများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရေးပေါ်ထိန်းချုပ်နိုင်ရေးဆောင်ရွက်
Nov 17,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စုရှိ JMKS အထည်ချုပ်စက်ရုံမှ ယခုရက်ပိုင်းအတွင်း ပိုးတွေ့လူနာများ ဆက်တိုက်တွေ့ရှိနေသဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရေးပေါ်ထိန်းချုပ်နိုင်ရေး အတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဈေးများအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိမရှိ စစ်ဆေးပြီး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Nov 17,2020
မွန်ပြည်နယ်၊ သထုံမြို့၊ လေယာဉ်ကွင်းဟောင်းအတွင်းရှိ ယာယီပျံကျဈေး၊ သုဝဏ္ဏဈေးနှင့် မြို့မဈေးတို့တွင် ဈေးရောင်ချသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်းရှိမရှိကို ယနေ့ နံနက်က တာဝန်ရှိသူများက အရှိန်အဟုန်မြှင့် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် မြစိမ်းရောင် (ငါးကဏ္ဍ) စီမံကိန်း အတိုးရငွေဖြင့် ရွာတွင်း လမ်းမီးတိုင်များ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီး
Nov 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် ကောလင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာ မြစိမ်းရောင် (ငါးကဏ္ဍ) စီမံကိန်းအတိုးရငွေဖြင့် ရွာတွင်းလမ်းမီးတိုင် ၆၅တိုင်အား ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီး စီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူအများသွားလာနေသော နေရာများတွင် နှာခေါင်းစည်း (mask) တပ်ဆင်သွားလာရန် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းအား စဉ်ဆက်မပြတ် ဆေ…
Nov 17,2020
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးနှိုးဆော်ခြင်း ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော စည်းကမ်းချက်များအား အလေးထားလိုက်နာခြင်းရှိစေရန် အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask) တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင် ကာကွယ်နိုင်ကြစေရန် မြို့နယ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ လူအများသွားလာနေသော နေရာများ ဖြစ်သည့် မြို့မဈေးကြီး အတွင်းနှင့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ယမန်နေ့မနက် (၉) နာရီက စ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး လုပ်ငန်းများအား အွန်လိုင်းမှ ထုတ်လွှင့်
Nov 17,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများဖြစ်ပွားနေသောကြောင့် ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးစာကြည့်တိုက်အား ယာယီ ပိတ်ထားစဉ် ကာလအတွင်း စာဖတ်ပရိသတ်များနှင့် ကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် အသိပညာပေး လုပ်ငန်းများအား အွန်လိုင်းမှ တဆင့် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ထုတ်လွှင့်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့ပေါ်ရှိ ဈေးများတွင် ကိုဗစ် - ၁၉ ကာကွယ်ရေး (Mask၊ Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Nov 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုး ဦးဆောင်၍ မြို့ပေါ်စျေးများနှင့် လူစည်ကားရာနေရာများတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုများအဖြစ် (Mask & Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့တွင် ဖျာပုံမြို့မြောက်ပိုင်စျေးတွင် ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28238
Page
28239
Page
28240
Page
28241
Current page
28242
Page
28243
Page
28244
Page
28245
Page
28246
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department