Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Nov 16,2020
ဝေါမြို့နယ်တွင် နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားကြရန် အသိပညာပေး လှုပ်ရှားမှုကို ယနေ့ နံနက်၇နာရီက ဝေါမြို့ဘူတာလမ်းဆုံ၊ အရှေ့ဘက်ကမ်းမင်းလမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့ မှုံပြာကျေးရွာတွင် ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ အောင်မြင် ဖြစ်ထွန်း
Nov 16,2020
ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ မှုံပြာကျေးရွာတွင် စိုက်ပျိုးတောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးအသိပညာပေး နံရံကပ်စာစောင်ပြသ
Nov 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များကို ပြည်သူများ သိရှိ နိုင်ရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ (၁)နာရီ အချိန်ခန့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask နှင့် မျက်နှာကာ Face Shield များ တပ်ဆင်သွားလာကြရန် အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးဆောင်ရွက…
Nov 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ မအူပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာခင်မာစိုးနှင့် ဒေါက်တာဇော်ဝင်းလှိုင် တို့ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း Mask များ၊ မျက်နှာကာ Face Shield များ တပ်ဆင်သွားလာစေရန် ယနေ့နံနက် ၇ နာရီက အခမဲ့ဖြန့်ဝေ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ရွေးချယ်သတ်မှတ်
Nov 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းနှင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သက်မှတ်ထားသည့် အခြေခံမူများနှင့်အညီ ရွေးချယ်နိုင်ရန် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ဧက (၅၇၀၀) အတွက် ချေးငွေများ စတင်ထုတ်ချေးပေး
Nov 16,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ဧက (၅၇၀၀) အတွက်ချေးငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ တောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့ပေါ်တွင် ပိုးတွေ့လူနာ(၃)ဦးထပ်မံတွေ့ရှိပြီး ထိတွေ့ဆက်စပ်ခဲ့သူ(၃၆)တို့အား နှာခေါင်း နှင့် အာခေါင်တို့ဖတ် ဓါတ်ခွဲနမူနာရယူစစ်ဆေး
Nov 16,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ချမ်းမြသာစည်ရပ်ကွက်အသက်(၄၂)နှစ် အမျိုးသား တစ်ဦး၊ သစ်စက်ရပ်ကွက်ရှိ အသက်(၅၃)နှစ်အမျိုးသားတစ်ဦးနှင့် မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်ဝန်ထမ်းအမျိုးသမီး အသက်(၃၀)နှစ် တစ်ဦးတို့တွင် ၁၅-၁၁-၂၀၂၀ ရက်နေ့တွင် အနံ့ မရခြင်း (၂-ရက်)ဖြင့် ဝေါမြို့နယ်ဆေးရုံသို့ပြသရာ ၎င်းတို့အား COVID-19 Rapid Test Kit ဖြင့်
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်၊ ဟိုဆိုင်ကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၂၁၈၀)စုအား စတုတ္ထအကြိမ်ထောက်ပံ့ငွေများ ပေးအပ်
Nov 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ဟိုဆိုင်ကျေးရွာအုပ်စုအတွင်းပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၁၈၀)စု အား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်ပွဲကို ယနေ့နေ့လည် ၂နာရီအချိန်ခန့်က မိုင်းရှူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28245
Page
28246
Page
28247
Page
28248
Current page
28249
Page
28250
Page
28251
Page
28252
Page
28253
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department