အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်ဖြင့် ကော့သောင်းမြိုနယ်အတွင်း လူနေထူထပ်သော စက်ရုံ၊ အလုပ်ရုံများ တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ နံနက်ပိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 17,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန် ပုံငွေများဖြင့် မြို့သန့်ရှင်း
Nov 17,2020
ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
Nov 17,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ တစ်ဖက်တစ်လှမ်းမှ အထောက်အကူ ဖြစ်စေရေးအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် (စတုတ္ထအကြိမ်) ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်(၇)ရက်ကွက် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့သည်။
Nov 17,2020
လားရှိုးမြို့နယ် လွယ်တောက်ကျေးရွာအုပ်စုရှိ ဆယ်မိုင်ကွေ့ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအတွက် ယမန်နေ့ ညနေ(၄)နာရီ အချိန်ခန့်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန (လားရှိုး) က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 17,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့အတွင်း ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့်
Nov 17,2020
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ ကုသရေးဌာန ဒဂုံမြို့သစ်တောင်ပိုင်းတွင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ တိုက်နယ် ဆေးရုံနှင့် ရှမ်းရွာသစ်တိုက်နယ်ဆေးရုံမှ သူနာပြုဆရာမ(၂)ဦး ပြန်လည်ရောက်ရှိလာသည့် အတွက် ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့က လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကြိုဆိုဂုဏ်ပြု ခဲ့ကြောင်း သိရသည်။
Nov 17,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်နန်းခမ်း ကျေးရွာတွင် ယမန်နေ့ နံနက်၁၁နာရီအချိန်တွင် ကျေးရွာအတွင်း နေရာ (၇)နေရာခွဲ၍ မြစိမ်းရောင်စီမံကိန်း စတုတ္ထအကြိမ်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၄၆၂သိန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်း ညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မှသိရသည်။