အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2020
မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ စိုက်ပျိုးရေးရုံး‌ရေးရှိခြံဝိုင်းအတွင်း သိပ္ပံနည်းကျဖြင့် နဂါးမောက်ပင်များ စမ်းသပ်စိုက်ပျိုးကြရာတွင် အပင်များ အောင်မြင်ဖြစ်ထွန်းပြီး နဂါး မောက်သီးများ စတင်ဆွတ်ခူး ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
Nov 16,2020
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ ၊ လှိုင်ဘုံသာရပ်ကွက်၊ နယ်မြေ (၂ ) ဆိုင်အမှတ် ၃၈ ၊ ရွှေခြင်္သေ့ ဓာတ်ဆီဆိုင်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်က ဆီဘောက်ဆာ အတွင်းမှဆီများ ပေပါအတွင်းသို့ ပြောင်းထည့်နေစဉ် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။
Nov 16,2020
ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့အတွင်း ဝင်ထွက်သွားလာသည့် ကုန်စည်သည် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့ဝင်ဂိတ်များတွင် Swab နမူနာစစ်ဆေးခြင်းနှင့် ပြည်တွင်း၊ ပြည်ပမှ ပြန်လည် ရောက်ရှိ လာသူများအား Facility Quarantine ဝင်ပြီး Swab နမူနာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာမှ ရောဂါပိုး တွေ့ရှိသူ ပေါင်း (၁၀) ဦးရှိခဲ့ပြီး (၉) ဦးမှာ ကျန်းမာစွာ ဆင်းရုံဆင်းခဲ့ပြီးနောက် ယနေ့တွင် အမျိုးသမီး (၁) ဦးသာကျန်ရှိပြီး ဟားခါးမြို့၊ တိုင်းရင်းဆေးရုံတွင် ဆေးကုမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။
Nov 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု(၈၄၀၇)အတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ကျေးရွာ အုပ်ရေးမှူးများထံသို့ စတုတ္ထ အကြိမ်ထောက်ပံ့ငွေ များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့၊ မွန်းလွဲ(၂)နာရီအချိန်ခန့်က မူဆယ်မြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ရုံးဟောင်း)၊ အစည်းအဝေးခန်မ၌ ပြုလုပ်သည်။
Nov 16,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2020
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း မိုးစပါးများရိတ်သိမ်းပြီးချိန်၌ နွေစပါးစိုက်ပျိုးရေ မရရှိသည့် ဒေသများတွင် ဆောင်းသီးနှံဖြစ်သော ပဲအမျိုးမျိုးနှင့် ကိုဗစ်ကာလ စျေးကွက် အနေ အထား ခန့်မှန်းရခက်နေသော်လည်း ဖရဲစိုက်ပျိုးသူ အများအပြား ရှိနေသည်ကို တွေ့ရှိရသည်။
Nov 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ လူနာတွေ့ရှိပြီး နောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ချိန်အထိ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
Nov 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ တစ်ဖက်တစ်လှမ်းမှ အထောက်အကူ ဖြစ်စေရေးအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် (စတုတ္ထအကြိမ်) ထောက်ပံ့ပေးလျက် ရှိရာ ယနေ့တွင် သီရိရပ်ကွက် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာအရောက် လိုက်လံ ထောက်ပံ့ပေး အပ်ခဲ့သည်။