အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာ၀န်များ ဆောင်ရွက်ခဲ့သည့် အထူးရဲတပ်ဖွဲ့၀င်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ဖယ်ခုံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပသည်။
Nov 15,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ရာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း မဲရုံအသီးသီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို သံဖြူဇရပ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
Nov 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အဖြူရောင်နှလုံးသားများ လူမှုအကျိုးပြုအဖွဲ့မှ ယမန်နေ့ညနေ(၄)နာရီအချိန်ခန့်တွင် ဘိုကလေးမြို့နယ်၊ ဗြူးစခန်းကျေးရွာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပရဟိတအဖွဲ့နှင့် သုခဝေဖြာပရဟိတဖောင်ဒေးရှင်းသို့ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် PPE ဝတ်စုံများနှင့် အောက်ဆီဂျင်ဘူးများအား ပေးအပ်လှူဒါန်းခဲ့သည်။
Nov 15,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာ၀န်များအား ကျေပွန် စွာ ထမ်းဆောင် ခဲ့ကြသည့် မိုးညိုမြို့နယ်ရဲတပ်ဖွဲ့မှ အထူးရဲတပ်ဖွဲ့၀င်များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ပဲခူးတိုင်း ဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)၊ သရဖူဆောင်တွင် ယနေ့ နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2020
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့ဝင်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၏ ​ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက မော်လိုက်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကျွန်တော်များ ကမ်းလက်အလှူရှင်များအဖွဲ့မှ ကိုဗစ်-၁၉ ကာလ ကျေးရွာ များတွင် စားသောက်ရေး အခက်အခဲဖြစ်နေသည့် အခြေခံ လူတန်းစား အိမ်ထောင်စု (၅၀)စုနှင့် သက်ကြီး ဘိုးဘွား များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့က ကျေးရွာများသို့ သွားရောက်ပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
Nov 15,2020
၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲ မြို့နယ်ရှိ မဲရုံများ၌ လုံခြုံရေးဆောင်ရွက်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။