အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် (စတုတ္ထအကြိမ်) ထောက်ပံ့ပေးလျှက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန် က ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်မြင့်နှင့် အဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၈၂ ထံသို့ ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 15,2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ အချိန်က မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ ၌ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင် ခဲ့သော အထူးရဲတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့်(စတုတ္ထအကြိမ်)အဖြစ် ထောက်ပံ့ ငွေများအား ယမန်နေ့ နံနက်က ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
Nov 15,2020
ရှမ်းပြည်နယ်(မြေက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မဲရုံလုံခြုံရေးဆောင်ရွက်ခဲ့ကြ သော အထူးရဲ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန် ခန့်က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း (မြစိမ်းရောင်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တတိယ အကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထူးရဲတပ်ဖွဲ့ဝင်အဖြစ် ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သော နတ်မောက်မြို့နယ်ရှိ အထူးရဲ တပ်ဖွဲ့ဝင် (၂၈၁)ဦးအား ယနေ့ နံနက် ၇ နာရီအချိန်ခန့်က မြို့နယ်ရဲတပ်ဖွဲ့စခန်းရုံးတွင် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခဲ့ကြ သည်။
Nov 15,2020
ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သော အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က မိုင်းရှူးမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။