Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် ဒုတိယအကြိမ် မျိုးကွဲပယ်ခြင်း ထိရောက်မှုရှိစေရန် လက်တွေ့သရုပ်ပြသ
Nov 15,2020
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးဧရာမင်း မျိုးစေ့ထုတ်စိုက်ကွင်း မျိုးကွဲပယ်ခြင်း ဒုတိယအကြိမ် လက်တွေ့ပြသခြင်းကို ရေတွင်းကောင်း ကျေးရွာရှိ တောင်သူဦးထွန်းကြိုင်(၄.၀၀)ဧက၊ ဦးမျိုးအောင်(၂.၀၀)ဧက၊ ဦးတင်မောင် ဆွေ(၄.၀၀)ဧကများ၏ မျိုးသန့်စင်မှုနှင့် ပေါင်းမြတ်ကင်းစင်မှုရှိစေရန်၊ ပိုးမွှားရောဂါ ကျရောက်မှု အခြေအနေများသိရှိန်ုင်ရန် တောင်သူများ အား ယမန်နေ့က ကွင်းဆင်းသရုပ်ပြ ဆောင်ရွက်ပေးခဲ့ ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်တွင် မဲရုံလုံခြုံရေး အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Nov 15,2020
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များ အားဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ နံနက်(၈)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမနှင့် ဂွေးချိုကျေးရွာ အထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုမိန်းမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်
Nov 15,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေး ခရိုင်၊ ဟိုမိန်းမြို့အတွင်းရှိ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ဆောင်ရွက်ခဲ့သည့် အထူး ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဟိုမိန်းနယ် မြေရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့ ဆင်စုရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၁၁၇)စုအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ ၂၀၀၀၀ ကျပ်စီပေးအပ်
Nov 15,2020
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဆင်စုရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၁၁၇)စု အတွက် နိုင်ငံတော်မှထောက်ပံ့သည့် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းနှုန်းစီကို တာဝန်ရှိသူများက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက်ပိုင်းတွင် အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေး အပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ
Nov 15,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သီရိမင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့နယ်တွင် ရန်ကုန်မြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ သွားရောက်အားဖြည့်ကူညီဆောင်ရွက်မည့် ဝန်ထမ်းများကို ထောက်ပံ့ငွေများ ပေးအ…
Nov 15,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များအတွက် ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှ ရန်ကုန်မြို့သို့ သွားရောက်အားဖြည့် ကူညီဆောင်ရွက်ကြမည့် နမ့်စန်မြို့နယ်မှ ဝန်ထမ်း ၃ ဦးအတွက် မြို့နယ်မှ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက ယမန်နေ့ ညနေပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Nov 15,2020
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် အထူးရဲတပ်ဖွဲ့ဝင်များအား ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ အကွက်(၁၇၂)၊ ၂၄လမ်း နှင့် ၂၅လမ်းကြား၊ ၈၂လမ်းရှိ အမှတ်(၈) အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လူနာတင်ယာဉ် ဝယ်ယူရန်အတွက် လူ့ဘဝခရီး လူမှုအထောက်အကူပြုအဖွဲ့ (အင်းစိန်)သို့ အလှူငွေများလှူဒါန်း
Nov 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ လူ့ဘဝခရီး လူမှုအထောက်အကူပြုအဖွဲ့ အနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြု နိုင်စေရန် ရည်ရွယ်၍ လူနာတင်ယာဉ်ကား ဝယ်ယူနိုင်ရန် အတွက် ဒေါ်နော်နီဆက်တင်ထူးမှ ငွေကျပ်(၅)သိန်း၊ ဒေါ်နော်ဂေးထူး မိသားစုမှ ငွေကျပ်(၃)သိန်း၊ ကိုစိန်ဝင်း မိသားစုမှ ငွေကျပ်(၂)သိန်း၊ ဒေါ်စန်းမြင့်အား အမှူးထား၍ မောင်နှမများ မိသား စုမှ ငွေကျပ်(၁)သိန်းခွဲ၊ ဒေါ်နော်ခင်မေလွင် မိသားစုမှ ငွေကျပ်(၁)သိန်း တို့ကို ယမန်နေ့ နံနက် ပိုင်းက အလှူရှင်များက အသီးသီး လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28263
Page
28264
Page
28265
Page
28266
Current page
28267
Page
28268
Page
28269
Page
28270
Page
28271
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department