အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2020
၂ဝ၂ဝပြည့်နှစ် ၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့ကမလှိုင်မြို့၊ မြို့မရဲစခန်းဝင်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2020
မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ယနေ့အချိန်ထိ ၂ဝဝ ဦးရေနီးပါးရှိလာပြီ ဖြစ်သည့်အတွက် ပိုးတွေ့လူနာများ စိတ်အေးချမ်းသာစွာ ဆေးကုသမှု့ခံယူနိုင်ရေးအတွက် လက်ရှိကုသ ပေးလျက်ရှိသော မြို့နယ် ကုတင်၁ဝဝ ဆေးရုံကြီးနှင့် ၁၆ ကုတင်ဆန့် တိုင်းရင်းဆေးရုံတို့အပြင် လိုအပ်ပါက အသုံးပြုနိုင်ရန်အတွက် အရန်ဆေးရုံ တစ်ခု့ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
Nov 16,2020
ကိုဗစ်-၁၉ ဖြစ်ပွားမှု ကာလတွင် မန္တလေးတိုင်းဒေသကြီးအတွင်း Stay at Home (၃) မြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့မှ အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန ၆၆ခုမှ အာမခံအလုပ်သမား ၉၀၀ ကျော်အတွက် ၄၀ရာခိုင်နှုန်းငွေကြေးထောက်ပံ့မှုခံစားခွင့် ငွေကျပ် ၆၃၈သိန်းကျော် ထုတ်ပေးနိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ သိရသည်။
Nov 16,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု ဒေသတွင် ASEAN SDGs၏ IGES၏ guideline ဖြင့်ဆောင်ရွက်လျက်ရှိသော
Nov 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ မြို့မစျေး၌ စျေးရောင်းချသူများနှင့် စျေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
Nov 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ငွေဆောင် အ.ထ.က Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိသူ (၁၆) ဦးအနက် (၂) ဦးမှာ (၁၄) ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ရွာသစ်ကျေးလက် ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမဒေါ်နန့်တင်​​ကြည်က ယမန်နေ့ ညနေ (၃) နာရီခွဲက ကျန်းမာကြောင်း ထောက်ခံစာ များပေးအပ်၍ နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
Nov 16,2020
ကော့သောင်းခရိုင်၊ အဏ္ဏဝါအမျိုးသားဥယျဉ် လန်ပိကျွန်းအနီးတစ်ဝိုက်ကျွန်းများဖြစ်သည့် ကိုဖေါ့အော်၊ ညောင်ဝီးကျွန်းတစ်ဝိုက် ပင်လယ်ပြင်အတွင်း ကျောက်ငါးများ ရေပေါ်တွင်အရှင်မျောပါနေမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကော့သောင်းခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 16,2020
မန္တလေး အလုပ်သမားဆေးရုံကြီးတွင် ကိုဗစ်-၁၉အတည်ပြုလူနာများ ကုသမှုပေးနိုင်ရန်အတွက် ကုသမှုစင်တာအဖြစ် ပြင်ဆင်လိုက်သည့်အတွက် ဆေးရုံကြီးတွင် ပုံမှန်ကုသမှုပေးနေသည့် အာမခံအလုပ်သမားလူနာများအတွက် လူမှုဖူလုံရေးရုံးခွဲနှစ်ခုတွင် ယာယီဖွင့်လှစ်ကာဆက်လက်ကုသမှုပေး လျက်ရှိကြောင်း မန္တလေး အလုပ်သမားဆေးရုံကြီးရှိ ယာယီဆေးရုံအုပ်ကြီးထံကသိရသည်။