Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Nov 16,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၏ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲများအား
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့မဈေးကြီး၌ Mask, Face Shield နှင့် ပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေး
Nov 16,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရာတွင် အသုံးပြုရန်အတွက် Mask, Face Shield နှင့် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း မှ စ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးအတွင်း ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီး စစ်ကိုင်းမြို့ ကုတင်(၂၀၀) ဆံ့ ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများ ကုသပေးနေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး
Nov 16,2020
စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးစိုးဦးသည် လွှတ်တော် ကိုယ်စား လှယ်များ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက စစ်ကိုင်းကုတင်(၂၀၀)ဆံ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများ ဆေးကုသနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်ရှိ Quarantine Centre နှင့် ကိုဗစ်-၁၉ ကုသဆောင်ရှိ လူနာများအား နေ့စဉ်အစား အသောက်နှင့် ဆေးဝါးများလှူဒါန်းပေး
Nov 16,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းသို့ နယ်မြေဒေသအသီးသီးမှပြန်လည်ရောက် ရှိလာသူများနှင့် မြို့နယ် ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ကုသဆောင်မှ လူနာများအတွက် နေ့စဉ်အစား အသောက်များနှင့် ဆေးဝါးများကို “တွဲလက်များ”လူမှုအကျိုးပြုအသင်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဌာန ဆိုင်ရာများ ပူးပေါင်း၍ မြို့မဈေးကြီးနှင့် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် (Mask Camp…
Nov 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား နှိုးဆော်အသိပေးခြင်းနှင့် နှာခေါင်းစည်း mask များ၊ မျက်နှာအကာ Face Shield များ အခမဲ့ ပေးဝေခြင်း ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ကိုယမန်နေ့ မနက် (၉) နာရီ မှစ၍ ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီး ပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်၍ ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရာ နမ့်ကတ်ဂိတ်နှင့် နားစံဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်းကို အရှိန် အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်မှကိုဗစ်-၁၉ ပိုးတွေ့လူနာ(၁၀) ဦးပိုးကင်းစင်၍ နေရပ် အသီးသီးသို့ပြန်လည်ပို့ဆောင်၊ ပိုးကင်းစင်၍ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း (၁၇၃)ဦးရှိ
Nov 16,2020
ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်အထက(ကျောက်တံခါး)တွင်ယာယီဆေးခန်းဖွင့်လှစ်၍ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကုသဆောင်ရွက် ပေးလျှက်ရှိရာ ယမန်နေ့ညနေ ပိုင်းကပိုးကင်းစင်၍ဆေးရုံမှဆင်းခွင့်ရရှိသူ (၇)ဦးဖဒို တိုက်နယ် ဆေးရုံမှပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၃) ဦး စုစုပေါင်း(၁၀) ဦးအားဆေးရုံဆင်းခွင့်ပြုခဲ့ပြီး နေရပ်အသီးသီးသို့ မော်တော်ယာဉ် များဖြင့်ပို့ဆောင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာ၀တောကျန် ဧက (၁၀၀၀) အတွင်း အပင် (၃၅၀၀) ကို ကွပ်လပ်ဖြည့် စိုက်ပျိုးပေးသွားမည်
Nov 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ခတက္ကန်တောင်ကျေးရွာ၊ ဗောဓိတထောင်နယ်မြေ အတွင်းရှိ ဖိုးခေါင်တောင်တန်းနှင့် ကျောက္ကာတောင်တို့တွင် သဘာ၀တောကျန်အဖြစ် ထိန်းသိမ်းထားသော ဧက (၁၀၀၀) ဧရိယာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကွက်လပ်ဖြည့် စိုက်ခင်းများအဖြစ် အပင် (၃၅၀၀) ကို စိုက်ပျိုးပေးသွားရန် စီစဉ်လျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးဘလွင်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28258
Page
28259
Page
28260
Page
28261
Current page
28262
Page
28263
Page
28264
Page
28265
Page
28266
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department