နယ်ရုံးများ၏သတင်းများ

Mar 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းအဆင့် (အဋ္ဌမတန်း)နှစ်ဆုံး စာမေးပွဲကို ယနေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာစာဘာသာကို စာစစ်ဌာန(၂၂)ခုတို့၌ ကျောင်းသား/သူ (၆၉၆)ဦး ဝင်ရောက် ဖြေဆိုကြ ကြောင်း သိရသည်။
Mar 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်းရှိ Book Blub အသင်းဝင်များနှင့် စာပေချစ်သူများပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသားထားသည့် “ မင်္ဂလာပါခင်ဗျာနှင့် အတွေးရသစာစုများ ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Mar 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်(အဌမတန်း) ကျောင်းသူ/ကျောင်းသားများ နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို အ.ထ.က အမှတ်(၁)၊ (၂)၊ (၃) နှင့်အောင် ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုခဲ့ကြသည်။
Mar 17,2022
လူကုန်ကူးမှုအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန်အတွက် လူကူကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးTalk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမ တွင်ဆောင်ရွက်ခဲ့သည်။
Mar 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများဖြင့် ရပ်ကွက်/ ကျေးရွာများအထိ အိမ်တိုင် ယာရောက် ကွင်းဆင်းထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Mar 17,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက် စေရေးမြို့တွင်းလမ်းများအားကတ္တာထပ်ပိုး လွာခင်းပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်ဈေးတန်းရပ်ကွက်ပယင်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီပြီ ဖြစ်ကြောင်းသိရှိရသည်။
Mar 17,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုံးပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း စုရပ်နေရာများအလိုက်ရှိ ရပ်ကွက်/ ကျေးရွာများ အရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Mar 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်းစာမေးပွဲကို ယနေ့ နံနက်ပိုင်း ၌ အေးချမ်းစွာ စတင်ဖြေဆို လျက်ရှိကြောင်း သိရသည်။