နယ်ရုံးများ၏သတင်းများ

Mar 17,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး လှုပ်ရှားမှုအဖြစ်၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံထုတ်ဝေသည့် မျိုးချစ်သွေး လက်ကမ်းစာစောင် များကို၊ ယနေ့ နံနက်(၁၀)နာရီက မြို့မဈေးကြီး အနီးဝန်းကျင် ကားဂိတ်များနှင့် ဈေးဆိုင်များ၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ရှေ့တို့တွင် ဖြန့်ဝေခဲ့ကြောင်းသိ ရသည်။
Mar 17,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အခမဲ့ဖြန့်ဝေသော ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများလေ့လာပြီး ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ကျယ် ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ယနေ့ နံနက် ၈ နာရီခွဲ က သာစည်မြိုမဈေးကြီး၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Mar 17,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားဝန်းအတွင်းတွင် (၄၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ (၃) နာရီ အချိန်တွင် လောင်းလှူခဲ့ကြောင်း သိရသည်။
Mar 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနှင့် ရှမ်းဘာသာတို့ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မိုင်းခတ်မြို့၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ စွပ်ပလောင်းကျေးရွာတွင် Hand Speaker ဖြင့်လှည့်လည်နှိုးဆော် ခဲ့သည်။
Mar 17,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲ၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Mar 17,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ထန်းကုန်းရွာထိပ်တွင် တည်ထားကိုးကွယ် သော အဘယလာဘမုနိစေတီတော်အား ထီးတော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ တပေါင်းလပြည့်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Mar 17,2022
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးဘေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ပလောက်မြို့၊ စည်ပင်သာယာဈေးကြီးအရှေ့၌ ကျင်းပသည်။ ‌
Mar 17,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကိုဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။