Mar 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ သာသနာပြုရဟန်း၊ သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပြည်နယ်အစိုးရအဖွဲ့၏စီမံခန့်ခွဲမှုနှင့် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှခွဲဝေပေးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဖြစ်သည့် Sinopham၊Sinovac၊ Covid-Shield၊ Covaxin(Booster) စသည့် ကာကွယ်ဆေးများကို ဆေးရောက်ရှိမှုအပေါ်မူတည်၍ ဆေးထိုးစုရပ်များအပြင်၊ ကျေးရွာများ၌ အိမ်အရောက် ကွင်းဆင်း၍ ကျန်းမာ ရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ရှိသူများက သွားရောက်ထိုးနှံပေးလျက်ရှိကြသည်။