Mar 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီမှ ထုတ်ဝေသည့်ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဒေါနမြေလက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများက သံတောင်ကြီးမြို့ပေါ်ရှိ လူအသွားအလာများ သည့် နေရာများ၊ ဈေးဆိုင်များနှင့်ဌာနဆိုင်ရာရုံးများတွင် ယနေ့ နံနက်ပိုင်းအချိန်က အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။