နယ်ရုံးများ၏သတင်းများ

Mar 15,2022
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အာလောကရာမကျောင်းတိုက်၌ နှစ်စဉ်ကျင်းပ မြဲဖြစ်သည့် သာသနာရက္ခိတဝိနယာဓိက စာတော်ပြန်ပွဲအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်တွင် (၅၈)ကြိမ်မြောက် စာတော်ပြန်ပွဲအား ဆင်ယင်ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
Mar 15,2022
မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့်  အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက်၁၀နာရီ အချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ပေးခဲ့သည်။
Mar 15,2022
ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရမည်းသင်းခရိုင်ရုံးမှ တာ၀န်ခံထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်း စာစောင်များကို မြို့နယ်ရုံး ဝန်ထမ်းများက လူစည်ကားသည့်နေရာများတွင် ယနေ့ နံနက်ပိုင်းက အခမဲ့ ဖြန့် ဝေခဲ့ကြသည်။
Mar 15,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင်ခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ညောင်ဦးမြို့ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး၊ နံရံကပ်စာစောင်၊ စာအုပ်ျပြပွဲနှင့် ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 15,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆွမ်ပရာဘွမ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
Mar 15,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက်၈နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ စည်ပင်သာယာရေးအဖွဲ့ များ၊ တာဝန်ရှိသူများ ပူးပေါင်းပြီး ကျိုက်ဒုံမြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံနေရာများ၌ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (omicron)ရောဂါပိုး ကြိုတင်ကာကွယ် နိုင်စေရေးအတွက် အသိပညာပေးခြင်းနှင့် (Mask Champaign) ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Mar 15,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယမန်နေ့ နံနက်ပိုင်းအချိန်ထိ ၂၀၃၅၉၆ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ် ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
Mar 15,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် မွေးစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ မိခင်နှင့် ကလေးကျန်းမာရေး ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။