နယ်ရုံးများ၏သတင်းများ

Mar 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် Book Club အဖွဲ့ဝင် များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မ လျှို့ဝှက်ချက် စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 15,2022
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မန္တလေး၊အောင်မြေသာစံမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကလေး အလုပ်သမား ပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပ ပြုလုပ်ရာ မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြား ရေးမှူး ဦးသန်းအောင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ ဒေါ်စပယ်နှင့် ဝန်ထမ်းများ၊ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအကျိုး တော်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
Mar 15,2022
၂၀၂၂ခုနှစ် မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။
Mar 15,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ စုပေါင်းကာ “ပီမိုးနင်းစာများက​ပြောသည့် ပီမိုးနင်း” စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 15,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မိဘပြည်သူများ၏ဘဝ၊ အိုးအိမ်၊ စည်းစိမ်များအားလုံး မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မိဘပြည်ကလည်း မီးဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ် ငန်းစဥများကို သတိရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ "သင့်ကြောင့်မီး မလောင်ပါစေနှင့်" မီးဘေးအန္တရာယ်ကင်းဝေး စေရေး သတိပေးမြေစိုက်ပိုစတာများကို ယမန်နေ့က လူစည်ကားရာလူ အသွား အလာများရာနေရာများတွင် စိုက်ထူပေးကြသည်။
Mar 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရန်အတွက် ကျေးရွာများအရောက် ယနေ့ နံနက်(၈)နာရီ အချိန်က သွားရောက်ထိုးနှံ ပေးလျက်ရှိသည်။
Mar 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ချန်းဖမ်း-ဟတ်စဒင်းကျေးရွာချင်းဆက်လမ်း ၉/၀ မိုင်အနက်၁/၀မိုင် ကျောက်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးနေပြီးဖြစ်ကြောင်း တိုင်းဒေသကြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံး (ထားဝယ်)ထံမှသိရသည်။
Mar 14,2022
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covid Shield ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။