နယ်ရုံးများ၏သတင်းများ

Mar 14,2022
ကရင်ပြည်နယ်ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက် ၁၁နာရီက ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့်​ကော့ကရိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူး​ပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိ ပညာပေး (Talk Show)ဆွေးနွေးပွဲကို ကျင်းပခဲ့​ကြောင်းသိရသည်။
Mar 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် ဝန်ထမ်း စွမ်းဆောင်ရည်မြင့်မားရေး မွန်းမံသင်တန်းအား မတ်လ ၁၃ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
Mar 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ယနေ့မွန်းလွဲ ၁ နာရီက လူငယ်နှင့်ယဉ်ကျေးမှု အကြောင်း သိကောင်းစရာTalk Show ကျင်းပခဲ့သည်။
Mar 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန (Community-Centre)ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ရုပ်ပုံ ပြပုံပြင်ပြောပြခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
Mar 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် စာပေ ချစ်မြတ်နိုးသူများအသင်းBookClub အဖွဲ့ဝင် များဖြင့်စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသော“စာကောင်းပေကောင်းရဲ့အရသာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Mar 14,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမက မူလွန်(၂၀)တို့ ပူးပေါင်း၍ ကလေးများအတွက် အုပ်စုလိုက်စံနစ်တကျ စာပေဖတ်ရှုခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Mar 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင်ခြံ လုပ်ငန်းများဖြစ်သည့် ရာဘာစိုက်ပျိုးခြင်း လုပ်ငန်း များကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက် ရှိကြောင်း သိရသည်။