Skip to main content

Mar 14, 2026

EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ Hybrid စနစ်ဖြင့်ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ နောင်ချိုမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ၏ အုပ်ထိန်းသူများနှင့် လိုက်ပါပို့ဆောင်အားပေးကြသည့် ကျောင်းသားမိဘများ၊ တာဝန်ရှိသူဆရာ ဆရာမများကို တွေ့ဆုံအားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2026

အာဆီယံနိုင်ငံများဆိုင်ရာ ရိုးရာအထည်ဒီဇိုင်းများထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှုဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ်ရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့စာမေးပွဲဖြေဆိုမှု တတိယနေ့တွင် သက်ဆိုင်ရာဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိစာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည် တော်ကောင်စီနယ်မြေ တိုင်းပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ မင်္ဂလာဒီပရှိစာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2026

“မြန်မာ့မျက်နှာစာသစ်ဖိုရမ်” (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) “FORUM ON THE DAWN OF A NEW STATE”(Trust, Stability & Development) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC- I) ၌ မတ် ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တာ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2026

မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) "Forum on The Dawn of A New State "(Trust , Stability & Development)ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC I) ၌ မတ် ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တာ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2026

“မြန်မာ့မျက်နှာစာသစ်ဖိုရမ်” (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) “Forum on The Dawn of A New State”(Trust, Stability & Development) ပထမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC I) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2026

ယနေ့ကျင်းပတဲ့ “မြန်မာ့မျက်နှာစာသစ်ဖိုရမ်” ကို တက်ရောက်လာကြတဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2026

တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါ်ပေါက်လာသည့် မျိုးချစ်တပ်မတော်ဖြစ်သည်။ မြန်မာ့သမိုင်းကြောင်းတွင် အစဉ်အလာကောင်းများနှင့်အတူ ခိုင်မာစွာရပ်တည်နေသော ပြည်သူ့တပ်မတော်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသော အမျိုးသားတပ်မတော်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပရန်စွယ်အန္တရာယ်များကို အစဉ်ထာဝရတိုက်ဖျက်ချေမှုန်းခဲ့သော ရဲဝံ့စွန့်စားသည့်တပ်မတော်ဖြစ်သည်။ နိုင်ငံတကာတပ်မတော်များနှင့်တန်းတူ စွမ်းရည်မြှင့်တင်နေသော တပ်မတော်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2026

စားသုံးသူများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ ဦးဆုံးပြောကြားခဲ့သူမှာ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီဖြစ်သည်။ “စားသုံးသူဆိုသည်မှာ မိမိတို့အားလုံးပါဝင်သည်။ အဆိုပါစားသုံးသူများမှာ ကမ္ဘာပေါ်တွင် စီးပွားရေးအရ အင်အားအကြီးဆုံးအုပ်စုတစ်စုဖြစ်ပြီး အစိုးရကရော ပုဂ္ဂလိကတို့ကပါ စီးပွားရေးနှင့်ပတ်သက်၍ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ဟူသမျှတို့၏ ကောင်းမှုဆိုးမှုအစုစုတို့ကို ခံစားကြရသူများဖြစ်သည်။ စားသုံးသူများသည် ဤမျှအရေးကြီးသော်လည်း ၎င်းတို့၏အသံကို နားမထောင်ကြဘဲ မေ့လျော့နေကြ သည်” ဟု သမ္မတ ကနေဒီက အမေရိကန်ကွန်ဂရက်တွင် ၁၉၆၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2026

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့စာမေးပွဲဖြေဆိုမှု တတိယနေ့တွင် သက်ဆိုင်ရာဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2026

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်းအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2026

မြန်မာ့မျက်နှာစာသစ်ဖိုရမ်(ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) Forum on The Dawn of A New State (Trust, Stability & Development) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာဘာသာရပ်အလိုက် စိတ်အေးချမ်းသာစွာ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများကို လိုက်လံကြည့်ရှုအားပေးပြီး လက်တွေ့ဖြေဆိုမည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အားလုံးပူးပေါင်း၍ စာမေးပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီးမြောက်သည်အထိ အလေးထားဆောင်ရွက်ပေးကြရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2026

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ ရွှေနတ်တောင်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၊ ချောင်းဆုံမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျိုက်မရောမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ရှိ စာစစ်ဌာနများ၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် “ဒေသတွင်း ဒီဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2026

အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသော ပဋိပက္ခများကို အကြောင်းပြု၍ စွမ်းအင်လောင်စာဆီ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါပဋိပက္ခသည် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ကြာရှည်ဦးမည်ဖြစ်သည့်အပြင် ထပ်မံဖြစ်ပေါ်နေဦးမည့်အကြောင်းများလည်းရှိနေသည်။ ထို့ကြောင့် ရှိပြီးအရန်စက်သုံးဆီ၊ ထပ်မံရရှိလာဦးမည့် စက်သုံးဆီများကို ခြိုးခြံချွေတာ စနစ်တကျသုံးစွဲခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2026

လွန်ခဲ့သည့် ဆယ်နှစ်နှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် သွေးတိုးရောဂါဖြစ်ပွားမှုနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုတို့ အနည်းငယ်လျော့ကျလာပြီး သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီဓာတ်များခြင်းကဲ့သို့ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာကြောင်း သုတေသနတွေ့ရှိချက်များအရ သိရသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို STEPs Survey နည်းလမ်းဖြင့် လေ့လာခြင်းသုတေသနများကို ၂၀၀၃ ခုနှစ်၊ ၂ဝဝ၉ ခုနှစ်၊ ၂၀၁၄ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်