Skip to main content

May 01, 2026

၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပပူဇော်သည့် မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း  မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးတို့ တက်ရောက်၍ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2026

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အလုပ်သမားများ၏ လုပ်အားတန်ဖိုးကို မြှင့်တင်ပေးသောနေ့၊ အလုပ်သတ်မှတ်ချိန်ကို မှန်ကန်သင့်လျော်စွာ ခံစားရသောနေ့၊ ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှုသမိုင်းတွင် မှတ်ကျောက်တင်နိုင်သည့် သမိုင်းဝင်နေ့ထူးနေ့မြတ် အခါသမယဖြစ်ပါသည်။ ထိုကဲ့သို့သော မင်္ဂလာနေ့ရက်မှစ၍ နိုင်ငံတော်အတွင်းရှိ အလုပ်သမားကြီးများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ချစ်ခင်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2026

ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ မြတ်စွာ ဘုရားရှင်ပွင့်တော်မူစဉ်က သက်တော်အားဖြင့် (၃၅) နှစ်ဖြစ်သည်။ ထိုကာလမှစ၍ အေးသည်၊ ပူသည်၊ ပင်ပန်းသည်၊ နွမ်းနယ်သည်၊ မမာမကျန်းဖြစ်သည်ကိုမမှု (၄၅) ဝါကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးစွာဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာ၊ တရားတို့ကို မနေမနား ဟောကြားတော်မူခဲ့ရာ မြတ်စွာဘုရားက “ချစ်သား အာနန္ဒာ ... ငါဘုရား ဟောကြားထားသော ဓမ္မဝိနယ ခေါ် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်”ဟု မိန့်တော်မူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2026

လူ့ဘောင်အဖွဲ့အစည်း ရှင်သန်တည်ရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အလုပ်သမားတို့၏ အခန်းကဏ္ဍမှာ လွန်စွာကြီးမားသည်။ မျက်မှောက်ခေတ် စျေးကွက်စီးပွားရေးစနစ်တွင် အလုပ်ရှင်များက ငွေကြေးစိုက်ထုတ်ရင်းနှီးမြှုပ်နှံကြပြီး ကော်လာဖြူ၊ ကော်လာပြာ အလုပ်သမားများက ကျွမ်းကျင်မှုနှင့် လုပ်အားတို့ကို စိုက်ထုတ်ကြကာ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတို့ ပြုလုပ်ကြခြင်းဖြင့် လူမှုစီးပွားယန္တရားကြီးကို လည်ပတ်လှုပ်ရှားစေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင် ကျရောက်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဧကဒသမအကြိမ် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များအား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်း၌ ကျင်းပပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော အင်းတော်မြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ယနေ့တွင် အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့်နယ်မြေအေးချမ်းသာယာရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိနယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ကလေးတပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈) တောင် စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် ရေစက်ချအလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက်ကြီး ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ အမှူးပြုသော သံဃာတော်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း ဖွင့်ပွဲများကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့က ဇီဝနည်းပညာသုတေသနဦးစီးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဌာနတာဝန်ခံ ဒုတိယညွှန်ကြားရေး မှူးချုပ်က ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဇီဝနည်းပညာသုတေသန လုပ်ငန်းများ၊ နည်းပညာပြန့်ပွားရေး ဆောင်ရွက်နေမှုများ၊ နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု သုတေသန ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတကာနှင့် သုတေသန ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် စွမ်းအင်အသုံးပြုခြင်းအား အကျိုးရှိထိရောက်စွာစီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်ပမှ စွမ်းအင်သွင်းကုန်များ လျှော့ချပြီး ပြည်တွင်းစွမ်းအင်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးဆိုင်ရာကိစ္စရပ်များကို ရေတို/ ရေရှည်အစီအမံများ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းတွင် ရေနံထွက်ပစ္စည်းများကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရန် ခေတ်မီရေနံချက်စက်ရုံအသစ် တည်ဆောက်ခြင်း၊ ပြည်တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများအသုံးပြုခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးလုပ်ငန်းများ ဆောင်ရွက်စေခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ သံအမတ်ကြီးများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲကြုံတွေ့လာပါက နိုင်ငံတော်အစိုးရသည် နိုင်ငံသားများအပေါ် အလေးအနက်ထား၊ တန်ဖိုးထားကာ မည်သို့သောအခြေအနေတွင်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံ သံရုံးများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သံမဏိ ပုံသွင်းစက်ရုံတစ်ရုံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား မောင်စန်းယုသည် မတ် ၂၄ ရက်တွင် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံတက်ရောက်ကုသစဉ် သေဆုံးသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2026

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့၌ နွေရာသီအားကစားသင်တန်း ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်