Skip to main content

Jun 23, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ခွာညိုပန်းအဝိုင်းအနီးရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနပိုင် ဝါးနှင့် သစ်စေးစိုက်ပျိုးရေး စီမံကိန်းမြေနေရာအကွက် အမှတ် (၂၀) အတွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့်  ဝန်ထမ်းများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာများမှ ကျေးရွာခေါင်းဆောင်များအတွက် ဖွင့်လှစ်သည့် အသုံးချစာရင်းရေး၊ စာရင်းကိုင်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် ဓမ္မာရုံ၌ အောင်ဇမ္ဗူရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၂၅ ဦးကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် တပ်တွင်းဓမ္မာရုံ၌ မင်္ဂလာရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၂၀ နှင့် ရွှေချီရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၃၀ စုစုပေါင်း သက်ကြီးပုဂ္ဂိုလ် ၇၅ ဦးကို သက်ကြီးရွယ်အို သက်သေခံကတ်ပြားများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

​​​​​​​မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ ‘‘ပြည်သူ့ကြားကပြည်သူ့စကား’’ အစီအစဉ်မှ ‘‘နိုင်ငံရဲ့ဖွံ့ဖြိုးမှု ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဖျက်ဆီးနေတဲ့ ပညာမတတ် အကြမ်းဖက် PDF” ခေါင်းစဉ်ဖြင့် ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်အတွင်း တရားမဝင် ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် ယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်းစေရေးအတွက် မြောက်ပိုင်းခရိုင် မြို့နယ်များတွင် စီမံချက်အစု အဖွဲ့(၂၄) အဖွဲ့ဖြင့် ရှောင်တခင် အသေးစိတ်ဝင်ရောက်စစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ် ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် အသုံးပြုထားသော မီတာမှာ Cover Seal နှင့် Terminal Seal များ ပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံ၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

အမျိုးသမီးငယ်ကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပါက အစစအရာရာ အဆင်ပြေကြောင်း လိမ်လည်စည်းရုံးပြောဆိုကာ တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရှိ ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇွန် ၂၀ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ဝါးကတုတ် ရေလှောင်တမံ ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၁၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး နဝမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body – BGB) ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey အား ယနေ့မွန်းလွဲ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ စည်ပင်သာယာရေးဈေး‌ပြန်လည်ဖွင့်လှစ်ပြီး ဟင်းသီးဟင်းရွက် သားငါး‌ရောင်းချနေမှုနှင့် ကျောင်းဖွင့်လှစ်မှုအခြေအနေများကို ဇွန်လ ၂၂ ရက်၊ နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူရိန်နှင့်အဖွဲ့၀င်များက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

​​​​​​​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေစဉ်အတွင်း Phoenix သတင်းဌာန၊ Phoenix TV မှ Ms. Liu Meixi ၏ တွေ့ဆုံမေးမြန်းမှုများကို ဇွန် ၁၉ ရက်က လက်ခံဖြေကြားခဲ့သည်။ ထိုသို့ Phoenix သတင်းဌာန၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် ၁၂ နာရီတွင် ဘရက်စ်မြို့ Brest Regional Community and Cultural Center ၌ ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့ ဖိတ်ကြားထားသော နိုင်ငံ ၁၇ နိုင်ငံမှ လွှတ်တော်ဥက္ကဋ္ဌများ၊ အဆင့်မြင့်နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ တက်ရောက်ကာ စုံညီအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မိန့်ခွန်းတစ်ရပ် ပြောကြားသည်။    

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

နည်းပညာတိုးတက်လာမှုနှင့်အတူ နေ့စဉ်နှင့်အမျှ အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို အလွယ်တကူသိမြင်လာရသည်။ ပြည်သူများ၏ အသိဉာဏ်ပညာဗဟုသုတရှိမှုအလိုက် အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်လာနိုင်ကြသည်။ မြန်မာနိုင်ငံအပေါ် အကောင်းမြင်စိတ်ထားရှိကြသူများနှင့် အပြုသဘောမဆောင် အကောင်းမမြင်သူများကြား၌ သတင်းတု၊ သတင်းမှား၊ မမှန်သတင်းဖြန့််ချိနေသူများ၏ နေ့စဉ်နှင့်အမျှ နှောင့်ယှက်မှုများရှိနေသည်။ မိမိနိုင်ငံ၏ ပုံရိပ်များကောင်းမွန်မှ မိမိနိုင်ငံ၏ ဂုဏ်သိက္ခာကောင်းမွန်မည်ဖြစ်၍ နိုင်ငံ့ပုံရိပ်ထိခိုက်အောင် နှောင့်ယှက်နေမှုများအား ရှောင်ရှားခြင်း၊ ပြန်လည်တုံ့ပြန်ခြင်း၊ ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ခြင်းတို့ ပြုလုပ်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်