May 01, 2026
တရုတ်နိုင်ငံ ဆန်ညာမြို့တွင် ကျင်းပသည့် (၆) ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်သုံးခု ရရှိ ခဲ့သည့် မြန်မာတက်ဂ်ဘောအသင်းသည် ဧပြီ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တက်ဂ်ဘောအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဆွေမျိုးမိတ်သင်္ဂဟများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
May 01, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 01, 2026
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဖြစ်သော ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တောင်းဆုရ “ဝ” စေတီတော်ပရိဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်အား ပြည်ထဲရေးဝန်ကြီးဌာနမိသားစုက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ကျင်းပသည်။
May 01, 2026
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကဆုန်ညောင်ရေသွန်းပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၃၇)ရှိ ထီး (၃) လက် ဘုရားကုန်း၌ ကျင်းပသည်။
May 01, 2026
“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”
May 01, 2026
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 01, 2026
အမျိုးသားတစ်ဦးကို ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း၌ အဓမ္မအလုပ်ခိုင်းစေပြီး ရရှိသောလုပ်အားခငွေများအား ခေါင်းပုံဖြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
May 01, 2026
ယနေ့သည် ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင် နိယတဗျာဒိတ်ခံယူသည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဖွားမြင်သည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဘုရားဖြစ်သည့်နေ့၊ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံဝင်သည့်နေ့ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ဖြစ်သည်နှင့် အညီ ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် နိုင်ငံတစ်ဝန်း၌ ပရိဘောဂစေတီထိုက်သည့် ဗောဓိ ညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရား ဘာဝနာပွားများခြင်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်များလောင်းလှူခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။
May 01, 2026
အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၁၅၀၈ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁ ဦး စုစုပေါင်း ၁၅၁၉ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
May 01, 2026
တစ်ပြိုင်တည်း ဝါကောက်သိမ်းနိုင်ရန် အပင်အရွယ်အစားထိန်းချုပ်ခြင်းနည်းလမ်းများ အသုံးပြုစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) ရှိ မျိုးစေ့စမ်းသပ်စိုက်ပျိုးကွင်း၌ ကျင်းပသည်။
May 01, 2026
ကဆုန်လပြည်နေ့ဖြစ်သည့် ယနေ့သည် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင် ဒီပင်္ကရာမြတ်ဘုရားခြေတော်ရင်း၌ နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့သောနေ့ဖြစ်ခြင်း၊ သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်သောနေ့ဖြစ်ခြင်း၊ မြတ်စွာဘုရားရှင်သည် ဗောဓိဟူသည့် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေ့ဖြစ်ခြင်းနှင့် မြတ်ဘုရားပရိနိဗ္ဗာန်စံဝင် တော်မူသောနေ့ဖြစ်ခြင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အလွန်ပင်ထူးခြား မွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။
May 01, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယပိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသဏလိုဏ်ဂူ၌ ဆက်လက်ကျင်းပသည်။
May 01, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
May 01, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးတို့က ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်ကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
May 01, 2026
၁၃၈၈ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ဓမ္မသဘင်မင်္ဂလာအခမ်းအနားကို ယနေ့ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၌ ဆင်ယင်ကျင်းပသည်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဆိုင်ရာ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများ အထူးအစည်းအဝေး ကျင်းပ
May 01, 2026
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်စပ်လျဉ်း၍ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများ အထူးအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန အတွင်းရေးမှူး MA. CRISTINA A.ROQUE က ကြီးမှူး၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
May 01, 2026
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများစုပေါင်း၍ ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပရိဝုဏ်နှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တို့တွင် ကျင်းပသည်။
May 01, 2026
အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်နေသော်လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီခြိုးခြံချွေတာရေးအတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စက်သုံးဆီ စနစ်တကျသုံးစွဲနိုင်ရေး၊ ချွေတာသုံးစွဲနိုင်ရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာအခြေပြု၍ စီမံကြပ်မတ်ကွပ်ကဲဆောင်ရွက်လျက်ရှိပါသည်။
May 01, 2026
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော် မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်များအား (၁၈) ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများက မဟာဗောဓိညောင်ပင်တော်များကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
