Skip to main content

Jan 23, 2020

မော်လမြိုင် ဇန်နဝါရီ ၂၃

မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးများနှင့် လွှတ်တော်ကိုယ်စားလှယ်များပူးပေါင်း၍  ၂၀၁၉ ခုနှစ် သစ္စာစီမံချက်ဖြင့် မွန်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောက်ရွက်ပေးခဲ့ပြီးသော နိုင်ငံသား(၁၆၅၉၆၅)ဦးအနက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ များနှင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများ စုစုပေါင်း (၁၆၇၁၄)ဦးတို့ကို ထုတ်ပေးမည့်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2020

ပုသိမ် ဇန်နဝါရီ ၂၃


ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ​ထောက်ပံ့ရန်ပုံ​ငွေဖြင့် ဝယ်ယူထားသည့် စက်ယန္တရားနှင့် ယာဉ် (၂၇) စီးကို သက်ဆိုင်ရာ မြို့နယ်/မြို့ စည်ပင်သာယာ​ရေး​ကော်မတီများသို့ လွှဲ​ပြောင်း​ပေးအပ်ခြင်း အခမ်းအနားကို ယမန်​နေ့နံနက် (၉) နာရီအချိန်က ပုသိမ်မြို့၊ မြို့​တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုး​အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်/မြို့စည်ပင်သာယာ​ရေး​ကော်မတီများသို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွဲ​ဝေချထား​ပေးမည့် စက်ယန္တရားနှင့် ယာဉ်စာရင်းကို​ ကြေညာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2020

ပုသိမ် ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်မြို့တွင် တိုးချဲ့ကာကွယ်​ဆေးထိုးလုပ်ငန်း ရိုတာဗိုင်းရပ်(စ်)ကာကွယ်​ဆေးနှင့် ဆုံဆို့​-​မေးခိုင် ပါဝင်​သော ကာကွယ်​ဆေး (Penta-4)ပုံမှန်​ ဆေးထိုး/​ဆေးတိုက်လုပ်ငန်း အသိ​ပေး​ဆွေး​နွေးပွဲ အခမ်းအနားကို ယ​နေ့နံနက် (၉)နာရီအချိန်က တိုင်း​ဒေသကြီး ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

တောင်ကြီး ဇန်နဝါရီ ၂၃

အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော Community Champions Follow- UPS, Soccer, Clinic ဘောလုံးသင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ သစ်ပင်ထောင်ရပ်ကွက်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

ရန်ကုန် ဇန်နဝါရီ ၂၂

ကမ္ဘာ့ထိပ်တန်းနည်းပညာ ဝန်ဆောင်မှုလုပ်ငန်းစု ကြီးဖြစ်သော NTT Ltd က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ စင်ကာပူ-မြန်မာ-အိန္ဒိယ (မွန်ဘိုင်းနှင့် ချန်နိုင်း) သုံးနိုင်ငံအကြား စွမ်းအားမြင့် ရေအောက်ကေဘယ်(MIST) ကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း ယနေ့ဆူးလေရှန်ဂီလာ၌ ကျင်းပ သော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

ရင်းနှီးမြှုပ်နှံ

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

နေပြည်တော် ဇန်နဝါရီ ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ် Colonel Khamlek Sengphachanh အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

ရန်ကုန် ဇန်နဝါရီ ၂၂


နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၉ အသင်းသည် ကစားသမားများ အတွေ့အကြုံရစေရန် ပြည်တွင်းပြိုင်ပွဲဖြစ်သည့် ၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

 

နေပြည်တော် ဇန်နဝါရီ ၂၂

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

ရန်ကုန်    ဇန်နဝါရီ   ၂၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီး၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

နေပြည်တော် ဇန်နဝါရီ ၂၂

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့လူ့ဘဝအစရက်(၁၀၀၀)အတွင်း ပူးပေါင်း ဆောင်ရွက်ရန် အသိပညာပေး ဆက်သွယ် ရေး အထောက်ကူပြုနည်းလမ်းများ ဖော်ထုတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်