Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပသည်။
Jan 22, 2020
ရန်ကုန် ဇန်နဝါရီ ၂၂
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီး၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပသည်။
Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၂
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့လူ့ဘဝအစရက်(၁၀၀၀)အတွင်း ပူးပေါင်း ဆောင်ရွက်ရန် အသိပညာပေး ဆက်သွယ် ရေး အထောက်ကူပြုနည်းလမ်းများ ဖော်ထုတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 22, 2020
လွိုင်ကော် ဇန်နဝါရီ ၂၂
ကယားပြည်နယ်အတွင်းရှိ ဆွစ်ဇာလန်နိုင်ငံမှ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် Humanitarian Mine Action ဆိုင်ရာ ကိစ္စရပ်များ၊ ဆွစ်ဇာလန် အစိုးရမှ အထောက်အပံ့များ ပေးအပ်လိုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိ သူတို့အား ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ရှိ ဆွစ်ဇာလန် သံရုံးမှ သံအမတ် Mr . Thierry Umbehr နှင့် အဖွဲ့တို့က လာရောက် တွေ့ဆုံသည်။
Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၂
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ဗဟိုဘဏ်တို့ ပူးတွဲကျင်းပသည့် ချေးငွေအာမခံအဖွဲ့အစည်း ထူထောင်နိုင်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ငွေကြေးပံ့ပိုးပေးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်၊ M Gallery ဟိုတယ်၌ ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၂
Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမျိုးအောင်သည် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်းရပ်ကွက်ရှိ ရွှေအင်ကြင်းဓမ္မာရုံ၌ ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည့် ရွှေအင်ကြင်းရပ်ကွက် ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
Jan 22, 2020
ပခုက္ကူ ဇန်နဝါရီ ၂၂
(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ-ပခုက္ကူ ဥက္ကဋ္ဌ ဖလား အမျိုးသား/အမျိုးသမီး ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၂၅၉) ခြေလျင်တပ်ရင်း၊ ဘောလုံးကွင်း၌ ကျင်းပသည်။
Jan 22, 2020
တောင်ကြီး ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၀)ကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 22, 2020
ဘားအံ ဇန်နဝါရီ ၂၂
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဓမ္မာစရိယ၊ နိကာယ်၊ ပါဠိပထမပြန်စာအောင် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား စာအောင်ဆုနှင်းသဘင် ချီးမြှင့်ပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဇွဲကပင်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။