Mar 09, 2020
(၉-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် -
Mar 09, 2020
နေပြည်တော် မတ် ၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်း အဝေး (၃၁/၂၀၂၀) မှတစ်ဆင့် ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများထံသို့ အသိပေးစကား ပြောကြား သည်။
Mar 09, 2020
ချမ်းသာသူက ချမ်းသာဂုဏ်မောက်ပြီဆိုလျှင် ချမ်းသာမာန်တက် မာနဖက်လာလေ့ရှိ၏။ ထိုသူသည် ဤလောကကြီး၌ ချမ်းသာမာန် မတက်ပါဘဲ သူ့ထက် များစွာချမ်းသာသောသူတွေ များစွာ များစွာရှိသည်ကို သတိမပြုမိချေ။ ဤသည်ကိုပင် အဝိဇ္ဇာဟု ခေါ်၏။ အမှန်ကို မမြင်နိုင်။ မာန်မာနတက်လွန်းသည့်အခါ ဂုဏ်မောက်မာနေသည့်အခါ အမှန်ကို မမြင်တတ်တော့။ ငြင်းပယ်လို့မရနိုင်အောင် သိသာထင်ရှားလွန်းသော အမှန် တရားကိုပင် အဝိဇ္ဇာ အမိုက်မှောင်က ဖုံးကွယ်ထားတတ်သော ကြောင့် ဖြစ်ပေသည်။ ။
Mar 09, 2020
ရန်ကုန် မတ် ၉
လူငယ်ပန်းချီဆရာ ကိုကျော်ထက်နိုင်၏ ပထမဆုံးအကြိမ် တစ်ကိုယ်တော် ပြသရောင်းချပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၃လမ်း(အောက်ဘလောက်) ရှိ 43 Art Gallery ပြခန်း၌ မတ် ၉ ရက်မှ ၁၁ ရက်အထိ ပြသရာ လေးပုံတစ်ပုံခန့် ဝယ်ယူအားပေးခြင်းခံရကြောင်း သိရသည်။
Mar 09, 2020
နေပြည်တော် မတ် ၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်ရှိ ပက်တန်းကျေးရွာ၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စက်မှုလယ်ယာဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ပြည်ထောင်စု ရန်ပုံငွေဖြင့် စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဧက ၁၅၀ ဖော်ထုတ်ရေးလုပ်ငန်းနှင့် တောင်သူ များထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မတ် ၇ ရက် နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာ၌ ကျင်းပသည်။
Mar 09, 2020
မန္တလေး မတ် ၉
မန္တလေးခရိုင်၊ ဆီစက်ပိုင်ရှင်များအသင်းမှ ဆီထွက်နှုန်းပိုမိုကောင်းမွန်သော အိန္ဒိယ မျိုးမြေပဲများအား ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ တောင်လေးလုံးကျေးရွာအတွင်း စမ်းသပ်စိုက်ပျိုးထားရှိကြောင်း အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးသန်းလွင်က ပြောကြားသည်။
Mar 09, 2020
ရန်ကုန် မတ် ၉
စာရေးဆရာမ တူးတူးသာ၏ “ဗန်တမာလမ်းက အလွမ်းခြေရာ” စာအုပ်မိတ်ဆက်ပွဲ ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥ ဒေါင်းခန်းမ၌ ကျင်းပသည်။
စာအုပ်မိတ်ဆက်ပွဲတွင် ကဗျာဆရာ မောင်လင်းရိပ်၊ စာရေးဆရာမ ခင်မြဇင်၊ ကာတွန်းဆရာ ဇာနီဇော်ဝင်း တို့က အမှတ်တရစကားများ ပြောကြားကြသည်။
“ဝတ္ထုကို ၁၉၉၂ - ၁၉၉၄ ခုနှစ်အတွင်း ဂျီတီအိုင်ကျောင်းသားဘဝ ဖြတ်သန်းခဲ့တဲ့ လွမ်းမောပျော်ရွှင်ဖွယ်တွေကို ဝတ္ထုတစ်ပုဒ်အဖြစ် ရေးသားထားတာ ဖြစ်ပါတယ်” ဟု စာရေးဆရာမ တူးတူးသာက ပြောသည်။
Mar 09, 2020
ဆိပ်ဖြူ မတ် ၉
မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမကျေးရွာတွင် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း (အိမ်တွင်းလျှပ်စစ် အခြေခံလျှပ်စစ်ပညာသင်တန်း) ကို ယနေ့ နံနက် ၁ဝနာရီခွဲက ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်း အတွင်းရှိ ဓမ္မာရုံ တွင် ဖွင့်လှစ်သည်။
အဆိုပါ သင်တန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့မှပူးပေါင်း၍ ဒေသခံ ပြည်သူအများအလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ သက်မွေးပညာရပ်များဖြင့် လူ့စွမ်းအားအရင်အမြစ်များ ဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
Mar 09, 2020
ရေဦး မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ချောင်းရှည်အုပ်စု ချောင်းနားကျေးရွာနှင့် တစ်ဆက်တစ်စပ်တည်းရှိ ကျေးရွာများဖြစ်သည့် သပြေကုန်း၊ အင်တိုင်း၊ ရွာသစ်ကျေးရွာတို့တွင် ယမန်နေ့ ညနေ ၅ နာရီက နိုင်ငံတော်ဓာတ်အားစနစ်ဖြစ် သော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) နှင့် အစားထိုးကျေးရွာ မီးလင်းရေးအစီအစဉ်တို့ဖြင့် ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Mar 09, 2020
ရန်ကုန် မတ် ၉
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆကေသမဟာထူပဝင် သတ္တနာဝိက (ခေါ်) ဆံတော်ရှင်မြသိန်းတန် စေတီတော်ကို လုံးတော်ပြည့် ရွှေရောင်စတီးသင်္ကန်း ဆပ်ကပ်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာ စိန်ဖူးတော် ဆက်ကပ်တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော် ပရဝဏ်အတွင်း၌ ကျင်းပသည်။
Mar 09, 2020
မြန်မာနိုင်ငံတွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ၏ လူဦးရေပမာဏသည် လူငယ် အားလုံး၏ ထက်ဝက်ခန့်ရှိသည်။ လူငယ်လူရွယ်များသည် တိုင်းပြည်အနာဂတ်အတွက် အားထားရမည့် မျိုးဆက်သစ်များဖြစ်၍ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်သည်။
Mar 09, 2020
ရန်ကုန် မတ် ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်း၊ (၄၁) တိုးချဲ့ရပ်ကွက်၊ အမှတ်(B-2)တွင် ယနေ့ နံနက် ၈ နာရီက ရုပ်ရှင်ရုံဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ရုံဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရုပ်ရှင်အစည်းအရုံးနာယက အကယ်ဒမီဒါရိုက်တာ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ရုပ်ရှင်ရုံ ခန်းမအတွင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာ စကားပြောကြားသည်။
Mar 09, 2020
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) နှင့် စပ်လျဉ်း၍ ကမ္ဘာ တစ်ဝန်း ရောဂါကူးစက်ဖြစ်ပွားသည့် နိုင်ငံများ တစ်နိုင်ငံပြီး တစ်နိုင်ငံဆိုသလို ဆက်တိုက် များပြားလာနေသည်။ နိုင်ငံပြင်ပမှ ရောဂါကူးစက်ဝင်ရောက်လာခြင်း၊ နိုင်ငံအတွင်း၌လည်း ဆက်လက် ကူးစက်ပြန့်ပွားခြင်း နည်းလမ်းများဖြင့် ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများ ဖြစ်ပေါ်နေရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကူးစက်ပြန့်ပွားနိုင်မှု (Risk Assessment) အလွန်မြင့်မားသည့် အဆင့် (Very High) အဖြစ် တိုးမြှင့်သတ်မှတ်ထားပြီဖြစ်သည်။
Mar 09, 2020
ရုပ်ရှင်သည် ခံစားမှုနှင့်နည်းပညာပေါင်းစပ်ထားသော ဆန်းကြယ်သော ပညာရပ်ဖြစ်သည်။ ရုပ်ရှင်ပေါ်ဦးစမှ ယနေ့မျက်မှောက်ကာလအထိထိုပညာ ရပ်သည်လူသားအားလုံးတို့ကို ဆွဲဆောင်ဖမ်းစားနေဆဲဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင်အနုပညာကဏ္ဍမှ ကမ္ဘာ့လူသားများအား ကောင်းမွန်သော၊ ဆန်းပြားသော အနှစ်သာရများ ပေးစွမ်းနိုင်အောင် ကျန်ရစ်စေအောင် အစဉ်ကြိုးပမ်း အားထုတ်လျက်ရှိသည်။
Mar 09, 2020
နေပြည်တော် မတ် ၈
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့သည် မတ် ၆ ရက် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း မိုးကာလမရောက်မီ သဘာဝဘေး ကာကွယ်ရေးအတွက် တာတမံများ ကြံ့ခိုင်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ သည်။
Mar 09, 2020
နေပြည်တော် မတ် ၈
ပညာရေးဝန်ကြီးဌာန၏ တိုင်းရင်းသား ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မှု အခြေအနေများ တွေ့ဆုံရှင်း လင်းဆွေးနွေးပွဲကို မတ် ၅ ရက်က မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Mar 09, 2020
ရန်ကုန် မတ် ၈
မြန်မာ့တိုင်းရင်းဆေးသမားတော်များ နှင့် မြန်မာ့တိုင်းရင်းဆေးထုတ်လုပ် ရေးလုပ်ငန်းရှင်များ စုပေါင်းပြုလုပ် သည့် ဆဋ္ဌမအကြိမ် တပေါင်းလပြည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ပန်ဒါ ဟိုတယ်၌ ကျင်းပရာ တိုင်းရင်းဆေး သမားတော်ကြီးများ၊ တိုင်းဒေသကြီး အဆင့် တိုင်းရင်းဆေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ တိုင်းရင်းဆေးပညာ ရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ် သူများ တက်ရောက်ကြသည်။
