Mar 12, 2020
ရန်ကုန် မတ် ၁၁
အချစ်နှင့်ထိရင်ကြွေ၊ နှင်းဆီပန်သူ၊ အလှည့်၊ လူကောင်းလေးရဲ့ နတ်သမီး ရုပ်ရှင် ဇာတ်ကား လေးကားကို ရုပ်ရှင်ရုံ အုပ်စုကြီး နှစ်ခုပိုင်ရုပ်ရှင်ရုံများနှင့် တစ်ဦးချင်းပိုင် ရုပ်ရှင်ရုံ များတွင် လာမည့်ဧပြီ ၂ ရက် မှ မေ ၁၄ ရက်အတွင်း ပြသရန် ရွေးချယ်သတ်မှတ်ခဲ့ကြသည်၊၊
Mar 12, 2020
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသဟုဆိုရာတွင် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီး သုံးခုအတွင်းရှိ ခရိုင် ၁၂ ခရိုင်မှ မြို့ နယ် ၅၄ မြို့နယ်၊ အကျယ်အဝန်းအားဖြင့် က ၂ဝ ဒသမ ၁၇ သန်း ပါဝင်သည်။ မိုးနည်းရေရှားရပ်ဝန်းဖြစ်သည့် ယင်းဒေသကြီး၏ သဘာဝပတ်ဝန်းကျင် အခြေအနေများ တိုးတက်ကောင်းမွန်လာရေးအတွက် ရေဝေရေလဲ သစ်တောများ၊ ကျေးရွာ သစ်တောများ၊ စံပြသစ်တောများ ထူထောင်ခြင်း၊ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရေဝေ တောင်တန်းများ စိမ်းလန်းစိုပြည်ရေး စီမံကိန်းများ အကောင်အထည်ဖော်ခြင်းတို့ကို ခေတ် အဆက်ဆက် ဆောင်ရွက်ခဲ့သည်။
Mar 12, 2020
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၀ ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ကူးစက်ရောဂါကင်းဝေးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကင်းဝေးရေး၊ ပြည်သူများ စည်းကမ်းလိုက်နာရေး၊ သိက္ခာရှိရေးတို့ကို အလေးထား ပြောကြားခဲ့သည်။
Mar 12, 2020
ကမ္ဘာနှင့်အဝန်း ရုတ်တရက် တုန်လှုပ်သွားရသည့် လတ်တလော ဖြစ်ရပ်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါဖြစ်ပွားသူတို့၏ အဖိတ်အစင်စာရင်းများ ဖြစ်ပါသည်။
တရုတ်နိုင်ငံ ဝူဟန်ဒေသတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ သည် တိုတောင်းလှသည့် အချိန်ကာလအတွင်း၌ နိုင်ငံတကာအနှံ့ ပျံ့နှံ့ကူးစက်သွားခဲ့ပြီး ရောဂါကူးစက်သူ တစ်သိန်းသုံးသောင်း ကျော်၊ သေဆုံးသူ ၄၈၀၀ နီးပါး၊ ကျန်းမာ ကောင်းမွန်လာသူ ၆၈ဝဝဝ ကျော်ရှိနေပါသည်။
Mar 11, 2020
(၁၂-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Mar 11, 2020
မကွေး မတ် ၁၂
နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်နေ့မှ မြန်မာနှစ်ဆန်း(၁)ရက်နေ့အထိ ကျင်းပမြဲဖြစ်သည့် မန်းရွှေ စက်တော်ရာဘုရားပွဲတော်ကို မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း၊ မတ်လ ၁၂ ရက် ယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။
Mar 11, 2020
နေပြည်တော် မတ် ၁၂
(၂၆) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိအမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပသည်။
Mar 11, 2020
နေပြည်တော် မတ် ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Institute for Democracy and Electoral Assistance(InternationalIDEA)အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအတွက် စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့် စပ်လျဉ်း သည့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
Mar 11, 2020
နေပြည်တော် မတ် ၁၂
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့ တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၈၄ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၉၉ ခုတွင် ဖြေဆိုသူပေါင်း ၉၀၉၅၃၉ ဦးရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
Mar 11, 2020
နေပြည်တော် မတ် ၁၂
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
Mar 11, 2020
နေပြည်တော် မတ် ၁၁
ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် မတ် ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် (၂၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်ခဲ့သည်။
Mar 11, 2020
ချောင်းဦး မတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၊ လူမှုရေး၀န်ကြီး ဒေါက်တာဇော်၀င်းသည် ချောင်းဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦး၀င်းမြင့်ခင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၀င်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်တို့နှင့်အတူ ချောင်းဦးမြို့နယ်၊ အမြင့် အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနသို့ ယနေ့၊ နံနက်(၉)နာရီအချိန်က လာရောက်ခဲ့ရာ အင်္ဂလိပ်စာဖြေဆိုနေမှုနှင့် အပြင်စည်း၊ အတွင်းစည်း လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
Mar 11, 2020
ကျောက်ဆည် မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ညောင်ခြောက်ပင်ရပ်၊ ရွှေဖောင်ဒေးရှင်းခန်းမတွင် ယနေ့ နံနက် (၉) နာရီက တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
Mar 11, 2020
ကျောက်ဆည် မတ် ၁၂
ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဆင်နှစ်ကောင်ရပ်ကွက်တွင် တည်ဆောက်ထားသည့် “Kyaukse Paradiso Cinemas” ရုပ်ရှင်ရုံကြီးအား ယနေ့ နံနက် (၁၀) နာရီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်၊ မန္တလေးတိုင်းဒေကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်အမြစ် ဝန်ကြီး ဦးအောင်ကြည်နှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးဦးထွန်းမင်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရသည်။
Mar 11, 2020
2019 nCoV ဗိုင်းရပ်စ်ကို အများပြည်သူတို့ အထူးစိတ်ဝင်စားနေကြပြီဖြစ်သည်။
Mar 11, 2020
နေပြည်တော် မတ် ၁၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၃၄) ကြိမ်မြောက် မဟာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပသည်။
Mar 11, 2020
ရိခေါ်ဒါရ် မတ် ၁၁
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်ဘက်မှ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တံတား ဖြတ်သန်း သွားလာမှုဆိုင်ရာ အမိန့်ထုတ်ပြန်ချက်ကို မတ် ၁၀ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Mar 11, 2020
(၁၁-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Mar 11, 2020
နေပြည်တော် မတ် ၁၁
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြန်မာတစ်နိုင်ငံလုံး၌ တစ်ပြိုင်တည်း စတင်ကျင်းပသည်။
ဌာန၌ ကျောင်းသူကျောင်းသားများ မြန်မာစာဘာသာ ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းတို့က လှည့်လည်ကြည့်ရှု အားပေးကြသည်။
Mar 11, 2020
နေပြည်တော် မတ် ၁၁
