Skip to main content

Jan 15, 2026

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းမြို့နယ်အတွင်း၌ ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ယနေ့ညနေပိုင်းတွင် မက်မန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မက်မန်းခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အခြေအမြစ်မရှိသည့် မီဒီယာထုတ်ပြန်ကြေညာချက်ကို ပြင်းပြင်းထန်ထန်နှင့် ပြတ်ပြတ်သားသားပယ်ချပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးခဲ့သည့် သတင်းအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင်လည်းကောင်း၊ သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ ညောင်ပင်သာကျေးရွာ၊ ပိုးဇာနွယ်ကျေးရွာ၊ ကျောက်လှည်းဘီးကျေးရွာ၊ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် စိန်ကုန်းကျေးရွာတစ်ဝိုက်တို့အား ပြန်လည်သိမ်းပိုက်ရရှိခဲ့သည့် သတင်းအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့တွင်လည်းကောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှုတားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်များအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တွင် ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၃ ခုသည် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တက်ရောက်ရန်အတွက် ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် လေရှီးမြို့သို့ ရောက်ရှိစဉ် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ နာဂတိုင်းရင်းသားမျိုးနွယ်စုများက ရိုးရာအကအလှများဖြင့် လှိုက်လှဲနွေးထွေးစွာ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

တရုတ် - မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီအောက်ရှိ သတင်းအချက်အလက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ အချက်အလက်များအရ မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆၄) ခုကို လုပ်ကိုင်ခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၄၇၆ ဒသမ ၂၄၉ သန်းရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးရေး ဌာန(ပေါင်းငူ)တွင် မျိုးရည်ချောင်းအေးခဲ ထုတ်လုပ်နေမှု၊ မျိုးနွားများ မွေးမြူထားရှိမှု၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးထားရှိမှုနှင့် ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် သီးပင်စားပင်များ မြေလွတ်မြေလပ်များတွင် စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများလုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး၊ အရည်အသွေးကောင်းမွန်သည့် မျိုးရည်ချောင်းများ ထုတ်လုပ်နိုင်ရေးနှင့် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာ၊ သန့်ရှင်းသောသောက်သုံးရေအသုံးပြုရန်၊ နွားမွေးခြံများ အစဉ်အမြဲသန့်ရှင်းမှုရှိစေရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ညနေပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့သွားရောက်၍ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်း အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

ဒီဖိုရမ်ကနေတစ်ဆင့် တိုင်းရင်းသားလူငယ်အားလုံး ရင်ဘတ်ချင်းနီးပြီး ကိုယ်ချင်းစာတရား၊ စာနာစိတ်၊ လေးစားမှုတွေနဲ့ အတူယှဉ်တွဲနေထိုင်ရမယ်ဆို တာကို ပိုပြီးသိရှိလာရင် အားလုံးမျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကြီး မြန်မြန်ရရှိလာမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် ဒီဖိုရမ်က လူငယ်တွေအတွက် သာမက အားလုံးအတွက်အရေးပါတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-I)၌ သုံးရက်တာကျင်းပလျက်ရှိပြီး ဖိုရမ်အတွင်း လူငယ်များ၏ စုပေါင်းဆွေးနွေးမှုများမှ ရရှိလာမည့် အမြင်သဘောထားများ၊ အကြံပြုချက်များကို အနာဂတ်နိုင်ငံရေးအခင်းအကျင်းတွင် ထည့်သွင်းဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-I) ၌ သုံးရက်တာ ကျင်းပလျက်ရှိပြီး ဖိုရမ်အတွင်း လူငယ်များ၏ စုပေါင်းဆွေးနွေးမှုများမှ ရရှိလာမည့်အမြင်သဘော ထားများ၊ အကြံပြုချက်များကို အနာဂတ်နိုင်ငံရေးအခင်းအကျင်းတွင် ထည့်သွင်းဆောင်ရွက်သွား နိုင်ရန်ရည်ရွယ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကျင်းပသည့် (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အာဂုံ/ ရေးဖြေစာမေးပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ တပ်နယ်ခန်းမ၌ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဒုတိယနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၁) ကျောက်စိမ်းခန်းမ၌ ယနေ့ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်